တစ်ချို့ပြောကြတာ 5A သုံးရင် အန္တရယ်များလို့ 
မသုံးရဲဘူးလို့ ပြောကြတယ်
တကယ်လဲအန္တရယ်ဖြစ်နိင်လောက်တဲ့အကြောင်း
တွေရှိနေပါတယ်ဒါလေးတွေသိထားစေချင်လို့ 
ဒီပို့ စ်လေးတင်ပေးလိုက်တာပါ
အန္တရယ်ဖြစ်နိင်တဲ့အကြောင်း ၂ချက်ရှိပါတယ်
တစ်ချက်က စက်ရဲ့ချို့ယွင်းမှု
နောက်တစ်ချက်က အသုံးပြုသူရဲ့ ပေါ့ရော့မှု
ကြောင့်ပါ
နံပတ်တစ် စက်ရဲ့ချို့ယွင်းမှုအပိုင်းမှာ
အဖြစ်အများဆုံးကတော့ နံပတ် 4 လို့ ရေးထားတဲ့
volume control လေးပါ
သူဟာဘာလုပ်ပေးတာလဲဆိုရင် အထွက်ဗို့ ကို
လိုသလောက် ချိန်ညှိပေးနိင်တဲ့ control လေးပါ
အသံချဲ့စက်တွေမှာသုံးတဲ့ အသံအတိုးအကျယ်
control လေးတွေနဲ့ဆင်တူပါတယ်
အသံချဲ့စက်တွေမှာအဲဒီ control လေးစားနေရင်
တစ်နည်းအားဖြင့် ပျက်နေရင် အသံတွေတိုးလိုက်
ကျယ်လိုက် စူးစူးဝါးဝါးအသံတွေထွက်လာလိုက်နဲ့
အသံဟာတည်ငြိမ်မှုမရှိတော့ပါဘူး
analog control တွေရဲ့အားနည်းချက်တစ်ခုပါ
ဒီလိုပါပဲ 5A မှာလဲ အထွက်ဗို့ ကိုထိန်းထားတဲ့
control လေးစားလာရင် ထွက်လာတဲ့ဗို့ တွေဟာတည်ငြိမ်မှုမရှိတော့ပါဘူး
တက်လိုက်ကျလိုက် ဖြစ်လာပါတယ်
အရမ်းဆိုးရွားလာရင် ဖုန်းတစ်လုံးကို ရှော့ဖြစ်
သွားနိင်တဲ့အထိ ဗို့ တွေပိုထွက်လာတတ်ပါတယ်
ဒီလိုအခြေအနေဖြစ်လာရင် အဲဒီလcontrol လေးကို
အသစ်လဲပေးရင်ကောင်းသွားပါတယ်
electronic အပိုပစ္စ ည်းဆိုင်တွေမှာမေးဝယ်လို့ ရပါတယ်
နောက်တစ်ချက် သုံးစွဲသူရဲ့ပေါ့ရော့မှုအပိုင်းကတော့
အထွက်ဗို့ ကို အသေအခြာမစစ်ဆေးပဲ အလျင်စလို
ဖုန်းနဲ့ချိတ်ဆက်မိခြင်းပဲဖြစ်ပါတယ်
ဒါကိုတော့သုံးစွဲသူဘက်မှ သတိထားသုံးစွဲရန်သာ
အကြံပြုလိုပါတယ်
အပေါင်းအနှုတ်မှားယွင်းစွာတတ်မိယုံနဲ့တော့
လုံးဝမလောင်နိင်ပါဘူး
နံပတ် 5 ကတော့ အထွက်ဗို့ ကို ဒသမ ထိအနုစိတ်
ချိန်ညှိလိုတဲ့အခါ အသုံးပြုဖို့ ပါ fine tune လုပ်တဲ့သဘောပါ လိုအပ်တဲ့ဗို့ ရောက်အောင်
4 နဲ့ချိန်ပြီး အနုစိတ်ကို 5 နဲ့ထပ်ညှိပေးတာပါ
3နဲ့6 ကတော့ current output အတွက်ချိန်ညှိရတဲ့
အပိုင်းပါတနည်းအားဖြင့်အမ်ပီယာ ကိုလိုအပ်သလို
ချိန်တာပေါ့ ရှော့ရှာရင်တော့ အဲ့ဒီ control နှစ်ခုစလုံး
အဆုံးထိတင်ပေးထားရင်ပိုကောင်းပါတယ်
လိုအပ်သလိုလဲချိန်ညှိနိင်ပါတယ်
လုံးဝအဆုံးထိလျှော့ချထားပြီးရှော့ရှာမယ်ဆိုရင်တော့
အဆင်မပြေနိင်ပါဘူး
အမ်ပီယာပါမှလဲ အပူကထွက်လာမှာလေ
ပူတဲ့နေရာတွေ့မှကလဲရှော့ရှာတာတွေ့ မှာပေါ့
7 နေရာမှာ အမဲရောင်အပေါက်နဲ့
အစိမ်းရောင်အပေါက် နှစ်ခုပြထားပါတယ်
အထွက်ဗို့ ရဲ့Gnd ဂရောင်းလမ်းကြောင်းဖြစ်တဲ့
အတွက်ကြိုက်တဲ့အပေါက်ကိုအသုံးပြုလို့ ရပါတယ်
8 ကတော့အပေါင်းဗို့ ထွက်လာမယ့်အပေါက်ပါ
9ကတော့သာမန် ဖုန်းစက်နိုးတဲ့အချိန်မှာအစိမ်း
ရောင်မီးလေးလင်းနေပြီး ရှော့ရှိတဲ့အခါမျိုးမှာ
10 ဘက်ကိုပြောင်းသွားပြီးမီနီလေးပြနေပါမယ်
ဒါဆိုရင်မိမိချိတ်လိုက်တဲ့ဖုန်းဟာတစ်နေရာမှာ
ရှော့ဖြစ်နေပါပြီ
1နဲ့2 ကတော့ အမ်ပီယာနဲ့ဗို့ တွေကိုဖော်ပြပေး
မယ့် Digital ဒိုင်ခွက်လေးတွေဖြစ်ပါတယ်
ဗို့ ကိုသာမိမိလိုသလိုချိန်ညှိခွင့်ရှိပြီး
current ပိုင်းကိုတော့ ရှော့ဆားကစ်အပေါ်မူတည်ပြီး
စက်က ဖေါ်ပြပေးပါလိမ့်မယ်
ရှော့ရှာပုံအသေးစိတ်ကိုထပ်မံဖော်ပြပေးပါမယ်
======================================================
မနေ့ က 5A စပလိုင်းအသုံးပြုပုံလေးမသိသေး
တဲ့ညီငယ်တွေအတွက် တတ်သလောက်ပညာ
လေးနဲ့မျှဝေပေးခဲ့ပါတယ်
ဆော့ဝဲနဲ့ပတ်သက်ပြီးကျွန်တော်ဘာမှမသိပါ
ဘာမှလဲမရေးပါ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာပဲ
လက်တွေ့ကြုံတွေ့ခဲ့ရတာလေးတွေနဲ့ ဖတ်ထားမှတ်ထားတာလေးတွေ ပေါင်းစပ်ပြီး
လေ့လာစညီငယ်တွေ အထောက်အကူဖြစ်ရန်တင်ပေးခြင်းသာဖြစ်ပါသည်
ဆရာကြီးလဲမဟုတ်ပါ
ဘယ်သူ့ ကိုမှလဲမတိုက်ခိုက်ပါ
လေတိုက်နေခြင်းလဲမဟုတ်ပါ
မိမိယုံကြည်မှုအတွက် မိမိလမ်းမိမိလျှောက်ခြင်းပါ
မမြင်ချင်မဖတ်ချင်လျှင်ကျော်သွားပါ
သဘောမကျလျှင် ဘလော့သွားပါ
ဝမ်းနည်းစရာလဲအကြောင်းမရှိပါဘူး
အားလုံးကအချိန်တန်ရင်ကိုယ့်လမ်းကိုယ်
လျှောက်ကြရမယ့်သူတွေပါပဲ
ဒီတစ်ခါတော့ 5A စပလိုင်းကို အသုံးပြုပြီး
power on sequence ကိုအမ်ပီယာနဲ့ခန့် မှန်း
တဲ့နည်းလေးပါ Qualcomm device နဲ့
MTK device တို့ ရဲ့ boot sequence အနဲငယ်
ကွာခြားမှုရှိပါတယ် အခုပုံလေးတွေကတော့
Qualcomm device တစ်ခုဖြစ်တဲ့ G520
မော်ဒယ်လေးရဲ့ ပုံလေးတွေပါ
ဖုန်းအကောင်းတစ်လုံးရဲ့အလုပ်လုပ်ပုံကိုသိထားရင်
error တက်နေတဲ့ဖုန်းတစ်လုံးကို အမ်ပီယာကြည့်ပြီး
ဘယ်အပိုင်းလောက်မှာ error ဖြစ်နေတယ်ဆိုတာ
အကြမ်းဖျဉ်းခန့် မှန်းလို့ ရပါတယ်
ကောင်းမွန်တဲ့ဖုန်းတစ်လုံးဟာ
qualcomm ဖြစ်ဖြစ် mtk ဖြစ်ဖြစ် စပလိုင်းနဲ့ချိတ်ချိတ်
ခြင်းမှာ အမ်ပီယာလုံးဝတက်မနေရပါဘူး
0.00A မှာပဲရှိနေရမှာပါ
တကယ်လို့ အမ်ပီယာ တစ်ခုခုပြနေရင်တော့
ပုံမှန်မဟုတ်တော့ပါဘူး ချွင်းချက်အနေနဲ့
ပါဝါအိုင်စီမပါပဲCPU ကနေ တိုက်ရိုက်ပါဝါပိုင်းပါ
မောင်းနှင်ထားတဲ့ spectrum device တွေမှာတော့
ချိတ်ချိတ်ခြင်းအမ်ပီယာ အနဲငယ်ပြနေတတ်ပါတယ်
ပါဝါကီးကိုဖိလိုက်မှ 0.00A ကိုအရင်ဆင်းသွားပြီး
ပါဝါနိုးမှသာ အမ်ပီယာဆက်ဆွဲ ပါလိမ့်မယ်
G520 မှာ ပါဝါကီးကိုဖိလိုက်ရင် တစ်စက္ကန့် တိုင်းမှာ
အမ်ပီယာလေးတွေပြောင်းလဲနေပါတယ်
ဖိဖိခြင်းပထမ 1sec မှာ 0.02A ပြပါတယ်
ဒုတိယ 2sec လောက်မှာ 0.09A လောက်ထိတက်လာပြီး 0.15 A လောက်မှာ
reset ကျတဲ့အကြောင်း message ပို့ တဲ့အနေနဲ့
vibrator တစ်ချက်တုန်ပေးပါတယ်
ဒါဟာပါဝါနိးပြီလို့ လူကသိနိင်မဲ့အချက်ပါ
ဒီကနေ အမ်ပီယာဆက်ဆွဲပြီး0.17A လောက်မှာ
ပထမ logo ကိုစတင်တွေ့ရပါတယ်
ဒီကနေ ဆက်ပြီးအမ်ပီယာ အတက်အကျလေးတွေကစားနေပါမယ်
boot sequence ရဲ့ အလယ်လောက်မှာ အမ်ပီယာ
0.40 ခန့် ထိတက်သွားပြီး ဒုတိယ logo ဖြစ်တဲ့
3G logo ပိုင်းကိုကူးပြောင်းသွားပါတယ်
ဒီအပိုင်းမှာတော့မိနစ်အနဲငယ်ကြာတတ်ပါတယ်
kernel အနေနဲ့လိုအပ်တဲ့Hardware ပိုင်းနဲ့
system software ပိုင်းတွေကိုချိတ်ဆက်ပေးနေပါတယ်
အားလုံးချိတ်ဆက်ပြီးလို့ ဘာ error မှမရှိဘူးဆိုရင်
ဒုတိယအကြိမ် vibrator တစ်ချက်ထပ်တုန်ပေးပါတယ်
သဘောကတော့ system ပိုင်းအားလုံးချိတ်ဆက်ပြီး
ကြောင်း user ကိုသတင်းပြန်ပို့ တာပါ
တဆက်ထဲမှာပဲ အမ်ပီယာအနဲငယ်ထပ်တက်သွားပြီး
user mode ဖြစ်တဲ့ homescreen ကိုအောင်
မြင်စွာရောက်ရှိလာပါတယ်
အမ်ပီယာ 0.50A ထိပြတတ်ပါတယ်အားလုံးပြီးဆုံး
သွားချိန်မှာတော့အမ်ပီယာပြန်ကျသွားပါတယ်
0.14A လောက်ထိဆင်းသွားပါတယ် ဒါဟာuser အနေနဲ့
ဘာများခိုင်းမလဲလို့ စောင့်နေပေးခြင်းပါ system ပိုင်းက အချို့ မလိုအပ်တဲ့ device တွေကို ခေတ္တ အနားပေး
ထားတဲ့အတွက် အမ်ပီယာလျှော့သွားတာလဲဖြစ်ပါတယ်
user အနေနဲ့ ဘာမှအသုံးမပြုဘူးဆိုရင်တော့ အချိန်တစ်ခု
ပြည့်သွားတဲ့အတွက် screen ပိတ်ပြီး standby အနေနဲ့
စောင့်ပေးနေပါတယ် ဒီအချိန်ကြရင်တော့ တစ်ချိန့် ဖုန်း
တွေက 0.00A ထိဆင်းစောင့်ပေးကြတယ်
တစ်ချို့ကတော့ 0.02A လောက်ထိပြနေတတ်ပါတယ်
ဒါဟာboot sequence တစ်ပတ်ပြည့်ခြင်းလို့ လဲ
အဓိပ္ပါယ်ရပါတယ် user အနေနဲ့အသုံးပြုလိုရင်တော့
ပါဝါကီးလေးတစ်ချက်ဖိလိုက်ရုံပါပဲ အမ်ပီယာတစ်ချက်
0.35A.လောက်ဆွဲသွားပြီး
0.20A နဲ့ 0.15A ကြားထဲမှာအဆင်သင့်စောင့်
ပေးနေတာတွေ့ရပါမယ်
ဆက်လက်ပြီး MTK device တွေရဲ့ power on
sequence ကိုလဲပုံလေးတွေနဲ့ဖော်ပြပေးပါ့မယ်
SOCIALIZE IT →