အရင်တစ်ခေါက်တုန်းက huawei G730-U00,G730-C00,G730-U30
တို့ ရဲ့ Touch error ပိုင်းလေးတွေ ရေးတင်ခဲ့ဖူးပါတယ်။
အခုတစ်ခေါက်တော့ ၄င်းမော်ဒယ် သုံးမျိုးရဲ့ မတူညီတဲ့ charging ပိုင်းအလုပ်လုပ်ပုံလေး
တွေကို စတင်လေ့လာသူများအဆင်ပြေစေရန်ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။
diagram တွေနဲ့ ရှင်းပြရင် စတင်လေ့လာသူတွေနားမလည်မှာစိုးလို့  ကျွန်တော်တတ်တဲ့
လူပိန်းနည်းလေးကိုပဲဖော်ပြပေးလိုက်ပါတယ်။
ကျွန်တော်သိတာတော့ဖုန်းတွေမှာ battery အားသွင်းတဲ့စနစ်နှစ်မျိုးတွေ့ ရတယ်ဗျ။
linear system နဲ့  switching mode system ဆိုပြီးနှစ်မျိုးပေါ့ဗျာ၊နောက်တစ်ခုတော့ရှိပါတယ်။
Wireless Power Transfer (WPT) စနစ်ပေါ့ ဒါကတော့ဖုန်းအတွင်းမှာ On board
တတ်ဆင်ထားတာမဟုတ်တဲ့အတွက် ၊ charging ပိုင်းနဲ့တော့မဆိုင်ဘူးပေါ့။
linear charging စနစ်ကို MTKဖုန်းတွေမှာ အများဆုံးသုံးကြတာတွေ့ ရပါတယ်။
G730-U00 မှာ သုံးထားတဲ့စနစ်ပါ။
သူ့ မှာ အဓိက လျှပ်စီးကြောင်းကိုကန့်သတ်ပေးဖို့  transistor ကိုအသုံးပြုထားပါတယ်။
ပုံမှာဆိုရင် Q302 လို့ ပြထားတဲ့ ခြေတောက်ကလေးခြောက်ခြောင်းနဲ့ အိုင်စီလိုပုံလေး
ဟာ charging current ကို လိုသလိုထိန်းထားနိင်ရန် သုံးထားတာဖြစ်ပါတယ်။
အလွယ်မှတ်ရင်တော့ ကွိုင်လေးတွေမပါရင် linear လို့ မှတ်နိင်ပါတယ်။
g730-u00 ချာချင်ပိုင်းအလုပ်လုပ်ပုံလေးအနဲငယ်ပြောပြပါ့မယ်။
usb ခေါင်းရဲ့ VCHG လမ်းကြောင်းကနေ 4.9V လောက်ပေးသွင်းလိုက်ပါတယ်။
ဒီဗို့ တွေကို Q302 ရဲ့ emitter ငုတ်ပေးသွင်းထားပါတယ်။ transistor တွေအလုပ်လုပ်နိင်
ဖို့ ၎င်းတို့ ရဲ့ base ငုတ်ကို ဗို့ လေးတွေ ကြွေးပေးရပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက
transistor တွေရဲ့  အမျိုးအစားပေါ်လိုက်ပြီး၊ base ကိုဗို့ ကြွေးတာမတူပါဘူး။
pnp transistor တွေဟာ c နဲ့ e အလုပ်လုပ်နိင်ဖို့  base ကို negative bias volt ကို
ကြွေးပေးရပါတယ်။
npn transistor တွေကြတော့ positive bias volt ကိုပေးမှ အလုပ်လုပ်ကြပါတယ်။
အခုပုံမှာပြထားတဲ့ Q302 transistor လေးဟာ pnp အမျိုးအစားဖြစ်တဲ့အတွက် ၄င်းရဲ့
base ကို အနှုတ် လိုင်းပေးသွင်းရပါတယ်။ ဒီလိုအပ်တဲ့ negative bias volt ကို ပါဝါ
အိုင်စီရဲံ pin-M13(VDRV) charger current drive output လမ်းကြောင်းကနေ
မောင်းနင်ပေးထားပါတယ်။
ဒီလိုမောင်းနှင်တဲ့နေရာမှာ တိုက်ရိုက် မဟုတ်ပဲ Q901 FET လေးတစ်လုံးခံပြီးမောင်းနင်ပါ
တယ်။ ချာဂျင်ကြိုးကိုထိုးလိုက်တဲ့မခါ VCHG လမ်းကြောင်းပေါ်မှာရှိတဲ့ R 906 (82K)
လောက်ရှိတဲ့ resistor တစ်လုံးနဲ့ ဗို့ ကိုလျော့ချပြီးပါဝါအိုင်စီရဲ့ pin-A12(VCDT)
Charger detecting input ငုတ်ကိုပို့ ပေးလိုက်ပါတယ်။ 0.2v လောက်ရှိတဲ့ ဗို့ လေး
pin-A12 ကိုရောက်သွားတဲ့အခါ၊ ပါဝါအိုင်စီရဲ့ pin-N13 (CHRLDO) ချာဂျင်သွင်းဖို့ 
အမိန့် ပေးတဲ့ 2.8V လေးကို Q901 FET လေးရဲ့ gate သို့ ပို့ ပေးလိုက်ပါတယ်။
fet လေးပွင့်သွားတဲ့အတွက် fet ရဲ့ source မှာရှိနေတဲ့ ခုနက negative bias volt
လေးဟာ drain သို့ ကူးလာပါတယ်။ ထိုမှတဆင့် Q302 ရဲ့ base ငုတ်သို့  charging
control volt အဖြစ်ရောက်ရျိသွားပါတယ်။
ထိုဗို့ လေးရောက်သွားတဲ့အတွက် Q302 လေးဟာ အလုပ်လုပ်သွားပြီး BATTERY
ကိုအားသွင်းစေမဲ့ 3.5--3.7V လောက်ကို ထိန်းချုပ်ပြီးထုတ်ပေးလိုက်ပါတယ်။
ဒီလို battery အပေါင်းဗို့  လေးကို ပါဝါအိုင်စီရဲ့  pin-p12 (ISENSE) positive terminal
for battery's charging current sensing resistor အ၀င်ငုတ်သို့ ပို့ ပေးထားပါတယ်။
ပုံမှာ မြင်နေရတဲ့ (R200) resistor လေးကိုခွပြီးပါဝါအိုင်စီရဲ့  pin-P13
(BATSNS) negative terminal for battery's charging current resistor ငုတ်သို့ 
ပေးသွင်းထားပါတယ်။ ဒါကြောင့်မို့  R200 လေးပျက်သွားတဲ့အခါ charging current ကို
နိင်းယှဉ်ပေးမဲ့ အညွန်းကိန်းလေးပျောက်သွားတဲ့အတွက် အားမ၀င်တဲ့ပြသနာမျိုးကြုံတတ်ပါတယ်။
နောက်တစ်ခုက Q903 လို့ ပြထားတဲ့ FET လေးပါ ။ USB ခေါင်းရဲ့ VCHG ဗို့ ကို
Sသို့ ပေးသွင်းထားပြီး D မှတဆင့် VBUS လမ်းကြောင်းအဖြစ်ပြန်ထုတ်ပေးပါတယ်။
အဲဒီလိုထုပ်နိင်ဖို့ FET ရဲ့ G ကို အနှုတ်ဗို့ လေးပေးထားရပါတယ်။ပုံမှာ အနီရောင်မျှားလေး
ပြထားတဲ့ R 903,156K လေးခံပြီး GND ချထားတာတွေ့ ရပါတယ်။
တကယ်လို့  FET ရဲ့ S မှာ ဗို့ ရောက်ပြီး D မှာဗို့ မရောက်ရင် gnd ချပေးထားတဲ့ resistor
လေးစစ်ပေးရပါတယ်။ အမှန်မှာက အဲဒီ fet ကို d နဲ့ s jumper ကျော်ပေးရင်လဲရနိင်ပါ
တယ်။ diagram တွေမှာပြထားတဲ့ R912,R913 တွေကတော့ ပတ်လမ်းမှာမတွေ့ ရတတ်ပါဘူး။ပုံလေးတွေနဲ့တွဲဖက်ပြီးလေ့လာကြည့်ပါ။
လိုအပ်သည်များအမှားများရှိနေရင်လဲ ပြင်ပေးကြပါခင်ဗျ၊ကျွန်တော်တို့ လဲလေ့လာရင်းသင်ယူ
သင်ယူရင်းမျှဝေပေးနေတာပါ အမှားမကင်းပါဘူးခင်ဗျ။
နောက်တစ်ခေါက် တော့ switching mode အသုံးပြုတဲ့ G730-C00နဲ့ G730-U30
တို့ ရဲ့ Charging ပိုင်းလေးတွေကို ဖော်ပြပေးပါ့မယ်။
အလျင်းသင့်ရင်တော့ WPT အကြောင်းလေးလဲ မိတ်ဆက်ပေးပါမယ်။
Sunday, July 24, 2016
huawei G730-U00,G730-C00,G730-U30 Touch Error
Posted By: Unknown - 6:54 AMAbout Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →