Sunday, July 24, 2016
ဖုန်းပတ်လမ်းတွေမှာ LB coil လို့ ရေးထားတတ်တဲ့ မဲမဲအတုံးလေးအကြောင်းပါ။
Posted By: Unknown - 6:59 AMဖုန်းပတ်လမ်းတွေမှာ LB coil လို့ ရေးထားတတ်တဲ့
မဲမဲအတုံးလေးအကြောင်းပါ။
ဒီအတုန်းလေးကို ferrite bead လို့ ခေါ်ပါတယ်
electronic choke တစ်မျိုးပါပဲ
သူအဓိက အလုပ်လုပ်ပေးတာကတော့
EMI (Electromagenetic Interface) လို့ ခေါ်တဲ့
high frequency ကြောင့်ဖြစ်တတ်တဲ့ noise တွေကိုလျှော့ချပေးပါတယ်။
သူ့ ဟာ inductor သို့ မဟုတ် coil လိုပဲအသုံးဝင်
ကြပါတယ်။low pass EMI filter နဲ့သဘောအတူ
တူပါပဲ။ဖုန်းတွေမှာဆိုရင် RF radio frequency
ကြောင့်ဖြစ်လာတဲ့ supperesses high frequency
noise တွေကိုလျှော့ချပေးနိင်ပါတယ်။
နောက်တစ်ခုက သူ့ ကို dc volt တစ်ခုဖြတ်စီးတဲ့
အခါ low resistance အဖြစ်ကောင်းစွာဖြတ်စီး
ခွင့်ပြု ပေးပါတယ်။
လျှပ်စီးကြောင်းအတွက်လဲ သင့်တင့်အမ်ပီယာတစ်ခု
ထိတောင့်ခံပေးထားနိင်ပါတယ်။
သူတို့ ဖွဲ့စည်းထားတဲ့ပုံကိုကြည့်ရင် ကွိုင်တစ်ခုနဲ့
သိပ်မတူပါဘူ့းပါးလွှာတဲ့ ferrite sheetအလွှာလေးတွေ
ကြားမှာ electrode ပြားလေးတွေကို တစ်ခုနဲ့တစ်ခု
တစ်လွှာစီ ခြားပြီး ဆက်သွယ်ပေးထားတာ
ဖြစ်ပါတယ်။
ဖုန်းပတ်လမ်းတွေမှာဆိုရင် USB ခေါင်းရဲ့ VCHARG
လမ်းကြောင်း sound and audio ပိုင်းဖြစ်တဲ့
MIC .Speaker အဝင်အထွက်လမ်းကြောင်းများ
SIM CLK.SIM DATA လမ်းကြောင်းများ
စသဖြင့် နေရာအတော်များများ ထည့်သွင်းအသုံးပြု
ပေးထားပါတယ်။၎င်း ကွိုင်ကလေးများဟာအပျက်အစီးသိပ်မဖြစ်တတ်ပါဘူး
ဖြစ်ရင်လဲ အကောင်းတစ်လုံးနဲ့ အစားထိုးလဲလယ်
ပေးဖို့ လိုပါတယ်။
သိသလောက်မျှဝေပေးခြင်းဖြစ်ပါတယ်
အမှားပါခဲ့ရင်လဲ ပြောပြပေးကြပါခင်ဗျာ။
About Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →