ကျွန်တော်တို့ မြန်မာပြည်မှာအသုံးအများဆုံး
CPU အုပ်စုနှစ်မျိုးရှိပါတယ်
QUALCOMM Device နဲ့MTK Device
တို့ ဖြစ်ပါတယ် ဖုန်းပြင်မဲ့သူဟာမိမိပြင်မဲ့ဖုန်းဟာ
ဘာ device ဖြစ်တယ်ဆိုတာလောက်တော့
ခွဲခြားသိနေဖို့ လိုပါတယ်
မသိသေးရင်လဲCPU ကိုကြည့်ရုံနဲ့ခွဲခြားလို့ ရပါတယ်
ဘာကြောင့်ဒီလိုထည့်ပြောရတာလဲဆိုရင်
CPU တွေရဲ့ Architecture ခြင်းမတူတဲ့အတွက်
ကြောင့်ပါ ဒါကြောင့် no power ခြင်းတူတာ
တောင် လိုက်ရတဲ့လမ်းကြောင်းခြင်းကွာခြားမှုရှိပါတယ်
အကုန်လုံးကိုခြုံပီးပြောရင် မှတ်ရတဲ့သူဖက်မှာလဲ
ရှုပ်ထွေးမှုရှိနိင်သလို ပြောရတဲ့လူဖက်မှာလဲ
အကြောင်းအရာတွေထပ်နေမှာပါ
ဒါကြောင့်တစ်ခုခြင်းစီခွဲပြီးပြောပြပေးပါမယ်
ပထမဆုံး Qualcomm CPU အုပ်စုကို လေ့လာကြည့်ပါ
Qualcomm CPU တွေမှာ သူတို့ ရဲ့ အမှတ်အသား
တစ်ခုအနေနဲ့ MSM ဆိုတာပါပါတယ်
Mobile System Modem ရဲ့အတိုကောက်ပါ
ပထမဆုံး CPU က Single core
1GHz စီပီယူဖြစ်ပါတယ်။ထို့ နောက် Single core 1.4GHz. ထို နောက် Async Dual Core 1.5GHz.
အသီးသီးထွက်လာပြီးခုနောက်ပိုင်းမှာတော့
Quad Core 2.5GHz.Octa core စသဖြင့် ပြောင်းလဲလာပါတယ်
Qualcomm CPU တွေမှာ အပိုင်းလေးတွေများစွာ
ပါဝင်ပါတယ်အဓိကကြတဲ့အစိတ်အပိုင်းတွေကတော့
(1) Clock generator ပါဝင်ပြီး အမြင့်ဆုံး speed ဟာ
1.000.00 MHz ထိ ရေတွက်နိင်ပါတယ်
(2) Graphics Processoing Unit (GPU) စနစ်ပါဝင်
ပါတယ်
(3) Digital Signal Processiog (DSP) ပိုင်းဖြစ်တဲ့
Digital to Analog Converter (DAC) အပိုင်းတွေပါဝင်
ပါတယ်
(4) Mobile Boardband Signals (MBS) အနေနဲ့
CDMA.EDGE.GPRS.GSM.HSDPA.စတဲ့ စနစ်တွေ
ပါဝင်ပါတယ်
(5) External Component Interface(ECI)
အနေနဲ့ Embedded GPS Module ပါဝင်ပါတယ်
(6) Random- Access- Memory (RAM) အပိုင်းပါဝင်
ပါတယ်
ဒါတွေကတော့ Qualcomm CPU တစ်ခုရဲ့
OEM တစ်စိတ်တစ်ဒေသကို ဖော်ပြပေးတာပါ
အခြားအစိတ်အပိုင်းပေါင်းများစွာရှိပါသေးတယ်
ဒီလိုခွဲခြားသိထားခြင်းအားဖြင့် CPU အလိုက်ပြစ်ချက်တွေ
မတူတာကိုတွေ့မြင်ရပါတယ်
(1) ဗို့ အားပေးပိုင်း
ဒီအပိုင်းမှာ Qualcomm CPU တွေဟာ
Digital core.App processor.GPU အပိုင်းတွေ
အတွက် သီးခြားပတ်လမ်းများခွဲပြီး ဗို့ အားပေးသွင်း
ကြပါတယ်
ဥပမာပြရလျှင် HUAWEI C8815.G610.C-00.
G730-C00
ဒီလိုမော်ဒယ်တွေမှာ CPU အတွက့် ဗို့ အား
ပေးတဲ့ ဗို့ လမ်းကြောင်းတွေအပြင် GPU ပိုင်းကို
သီးသန့်  ဗို့ အားပေးထားတဲ့ GPU voltage driver
လေးအပိုပါလာပါတယ်
အားလုံးသိပြီးကြတဲ့အတိုင်းပါပဲ GPU ကို့ 1.2V
မရောက်ရင် Bluescreen error ဖြစ်နေတတ်ပါတယ်
Network lock ဖြစ်လို့ software နဲ့ လုပ်လိုက်တဲ့
အခါ block မှားယွင်းပြီးဖျက်မိတဲ့အတွက် အဲဒီ
GPU Driver ရဲ့ enable code အချို့ကိုဖျက်မိတဲ့အတွက်
အပြာပြင်ဖြစ်သွားတာမျိုးလဲရှိပါတယ်
hardware ပိုင်းအရ အပြာပြင်ဖြစ်တာဆိုရင်
1.2V လေးတိုင်းကြည့်မထွက်ရင် GPU မောင်းတဲ့
DC to DC လေးဖြုတ်လဲလိုက်ယုံပါပဲ
software ပိုင်းကြောင့်ပြာပြီဆိုရင်တော့ enable code
တွေကို အကောင်းတစ်ခုထဲက ပြန်ထုတ် သက်ဆိုင်ရာ
block မှာပြန်ထည့် ဒီလိုမှ မလုပ်နိင်ရင်တော့
emmc လဲမှရတော့မှာပါ။
(2) Boot sequence အပိုင်း
ဒီအပိုင်းမှာ sequence ရဲ့ပထမဆုံး သုံးစက္ကန့် မှာ
error စတက်ခြင်းပါ
Qualcommတွေမှာ 0.11A ရပ်တဲ့ပုံစံနှစ်မျိုးတွေ့ရပါတယ်
တစ်မျိုးက ပါဝါကီးကိုဖိထားရင် .0.11.A လောက်ထိတက်ပြီးရပ်နေမယ် လွတ်လိုက်ရင်ပြန်ကျ
သွားမယ်
နောက်တစ်မျိုးက နှိပ်လိုက်ရင် 0.11A မှာသွားရပ်နေမယ်
လွတ်လိုက်ရင်လဲပြန်မကျဘူး ခုနအတိုင်းရပ်နေမယ်
ဒီနှစ်ခုဖြစ်နေတဲ့ပုံစံခြင်းမတူပါဘူး ရုတ်တရက်ကြည့်ရင်
0.11A ပြတာခြင်းတော့တူနေပါတယ်
ပထမအချက်ကိုကြည့်ရင် 0.11 A ထိတက်သွားတဲ့အတွက် အဝင် ဗို့ ရောက်နေပါတယ်
ပါဝါကီးပုံမှန်ကောင်းမွန်ပါတယ်
စဉ်းစားဖို့ သုံးပိုင်းရှိပါတယ်
၁ - ပါဝါအိုင်စီအထွက်ဗို့ တွေပုံမှန်ရှိမရှိ တိုင်းကြည့်ဖို့ 
လိုအပ်ပါတယ် အများအားဖြင့် CPU တွေကို
1.1.V နှစ်လိုင်းပေးသွင်းကြပါတယ် တစ်နည်းအားဖြင့်
S1.S2.တို့ ရဲ့အထွက်ဗို့ တွေစစ်ပါ။မရောက်ရင်
PMU ကို အရင်ကိုင်ကြည့်ပါ။
၂- ဗို့ တွေ ရောက်နေရင် ထပ်ပြီးလုပ်ကြည့်သင့်တာက
crystal ပါ အခြားစက်ပြားတစ်ခုထဲက ဖြုတ်ထည့်ကြည့်ပါ
ဒါနဲ့မှမရသေးရင် ကွန်ပြူတာနဲ့ချိတ်ကြည့်ပါ
CPU Detect သိနေသေးရင် CPU ပိုင်းကောင်းမွန်ပါတယ်
တကယ်လို့ CPU Detect မသိရင်တော့ နှစ်မျိုးဖြစ်နိင်
ပါတယ်
တစ်မျိုးက logic I/O ပိုင်းတွေမှာ ရှော့တစ်ခုခု ရှိလို့ 
CPU reset မကျတာလား
CPU ကိုယ်တိုင်ကပဲ မကောင်းတာလား
ထပ်မံစဉ်းစားရပါတယ်
ပါဝါပိုင်းမှာ 0.11A မှာရပ်နေတာ Qualcomm အတွက်
တော့ ဆော့ဝဲပိုင်းဖြစ်နိင်ခြေအရမ်းနဲပါတယ်
ခုနောက်ပိုင်း Qualcomm dead တာကို ဆော့ဝဲနဲ့
နိုးလို့ ရပြီလို့ ပြောကြပါတယ် ကျွန်တော်တော့
မလုပ်ဖူးသေးပါ
.0.11A ထက်ပြီးပြန်ကျတာအတွက်ကတော့
PMU.CPU.EMMC.သုံးခုလုံးနဲ့ပတ်သက်နေပါတယ်
ဒုတိယတစ်မျိုးဖြစ်တဲ့ 0.11A မှာပြန်မကျပဲရပ်နေတဲ့
ပြစ်ချက် မှာ 90% emmc ကြောင့်ပါ
deadboot နိုးလို့ ရတဲ့ box တွေ နည်းလမ်းတွေရှိပါတယ်
hardbrick ဖြစ်တယ်လို့ လဲခေါ်ကြပါတယ်။JTAG ကတော့ အနိင်ဆုံးပါပဲ။
dead နိုးလို့ မရရင် emmc လဲပေးရမှာပါ
အထိကဖြစ်တာကတော့ boot အပိုင်းသေနေတာပါ
emmc chip ပြားတစ်ခုလုံးပျက်သွားတာမျိုးရှားပါတယ်
ချွင်းချက်အနေနဲ့ PMU.CPU.ပြန်ကိုင်ရတဲ့အခါမျိုးတော့
ရှိတတ်ပါတယ်
EMMC ပိုင်းကောင်းမွန်ရင် 0.11A ကနေ သေခြာပေါက်
0.15A လောက်ဆက်ဆွဲပါတယ်
ဒါဆိုရင် Vibrator တစ်ချက်လဲတုန်ပေးပါတယ်
ကျွန်တော်ကြိုတင်ပြောခဲ့သလိုပါပဲစာအဖြစ်ရေးရင်တာ
လွယ်တာပါ တကယ်လက်တွေ့ လုပ်ကြည့်တဲ့အခါ
အခက်အခဲများစွာရှိနေပါတယ်
ကျွန်တော်ဖြတ်သန်းလာရတဲ့အတွေ့အကြုံတစ်ချို့ကို
ပြောပြပေးခြင်းမျှသာဖြစ်ပါတယ်
0.11A မှာတိကျတဲ့ solution မသိသေးပါဘူး။
အနဲအကျဉ်းအထောက်အကူဖြစ်တယ်ဆိုရင်
ဝမ်းသာပါပြီ
MTK Device အကြောင်းဆက်လက်ဖော်ပြပေးပါမည်။
MTK device တစ်ခုဖြစ်တဲ့ Y511 T တစ်လုံးရဲ့
power on sequence ကို အမ်ပီယာအတက်အကျ
ကြည့်ပြီး ခန့် မှန်းပုံလေးပါ
Qualcomm နဲ့MTK boot sequence တက်တဲ့
ပုံစံအနည်းငယ်ကွာပါတယ်
ပုံမှန်ကောင်းနေတဲ့ဖုန်းတစ်လုံးကိုစပလိုင်းချိတ်
လိုက်ရင် 0.00A မှာရှိနေပါမယ်
ပါဝါကီးကို ဖိလိုက်တဲ့သုံးစက္ကန့် အတွင်းမှာ အမ်ပီယာ
သုံးမျိုးပြောင်းသွားတာတွေ့ရပါတယ်
ပထမဖိဖိခြင်း1sec မှာ 0.02A
ဒုတိယ2sec မှာ 0.07A.
တတိယ3sec မှာ 0.11A အသီးသီးပြပြီး
နောက်ဆုံးစက္ကန့် အပြီးမှာ vibrator တစ်ချက်တုန်ပြီး
first logo ကိုတက်သွားပါတယ်
0.17A.လောက်ကနေချက်ခြင်း0.35A လောက်ထိ
တက်သွားပါတယ်
ဒီနေရာမှာကွာဟချက်ကတော့ system ပိုင်း
ချိတ်ဆက်မှုတော်တော်များများကို first logo
အတွင်းမှာပဲ ပြီးလုထိအလုပ်လုပ်သွားပါတယ်
second logo ကူးသွားချိန်မှာတော display
တစ်ချက်ပျောက်သွားပြီးအမ်ပီယာ 0.53A ထိတက်သွားပါတယ်တစ်ဆက်ထဲမှာပဲ
vibrator
ဒုတိယအကြိမ်တုန်ခါပေးပြီး homescreen သို့ 
ရောက်ရှိပါတယ် second logo တွင်ကြာကြာမနေတတ်ပါ user mode တွင်
0.25A ထိဆင်းပြီးခိုင်းစေမှုကိုစောင့်ပါတယ်
လုံးဝအသုံးမပြုရင်တော့ 0.00A ထိဆင်းပြီး
standby စောင့်ပေးပါတယ်
အမ်ပီယာအနဲငယ်ငြိနေခြင်းမျိုးမရှိပါ
ပါဝါကီးတစ်ချက်ဖိလိုက်ရင် user mode သို့ 
ချက်ခြင်းပြန်တက်ပေးပါတယ်
Qualcomm တွေမှာ system ချိတ်ဆက်မှုတော်တော်
များများကို second logo ကူးသွားချိန်မှာ အလုပ်လုပ်
ပေမယ့် MTK တွေမှာတော့ first logo အတွင်းမှာပဲ
အပြီးနီးပါးလုပ်ဆောင်သွားပါတယ်
second logo ကူးပြီဆိုလျှင် မရှေးမနှောင်းမှာ
homescreen သို့ ရောက်ပါတယ်
နောက်တစ်ချက်က sleep mode မှာ အမ်ပီယာ
လုံးဝကျန်ခဲ့ခြင်းမရှိတာတွေ့ရပါတယ်
ဒီလိုကွဲလွဲချက်ကြောင့် Qualcomm နဲ့MTK
တွေကိုအမ်ပီယာကြည့်ပြီး error ရှာကြတဲ့အခါ
ကွဲလွဲချက်လေးတွေရှိနေတာတွေ့ရပါတယ်
နောက်ဆက်တွဲerror လေးများလဲတင်ပေး
သွားမှာပါ
=======================================================
ဟိုးလွန်ခဲ့တဲ့၂နှစ်လောက်ကလဲ
beginner ပါပဲ
ပြီးခဲ့တဲ့တစ်နှစ်ကလဲ beginner ပါပဲ
အခုထိလဲ beginner ပါပဲ
ကိုယ့်အဆင့်က beginner ပဲရှိတာ
ဘာရှက်စရာရှိတုန်း အရှိအရှိတိုင်းပေါ့ဗျာ
ကျွန်တော် 2A စပလိုင်းလေးအသုံးဝင်ပုံပြောပြပါ့မယ်
ပစ္စည်းကြော်ငြာဝင်တာတော့မဟုတ်ပါဘူး
2A တွေထဲမှာသုံးဖူးသလောက်အမျိုးအစားအကောင်း
ဆုံး function လဲစုံလို့ ဒီမော်ဒယ်လေးတင်ပေး
လိုက်တာပါ
SUGON 2502 တဲ့ china ဖြစ်အစစ်ပါ
တရုပ်ပစ္စည်းလုံးဝမဟုတ်ကြောင်းအာမခံပါတယ်
ကဲနံပတ်စဉ်လေးအတိုင်းသွားကြည့်ရအောင်ဗျာ
1. ကအထွက်ဗို့ ကို ချိန်ညှိဖို့ အတွက် voltage control
လေးပါ 0v ကနေ 15.6v ထိလိုအပ်သလိုချိန်ညှိပေး
နိင်ပါတယ်ဖုန်းအတွက်အများဆုံးသုံးသင့်တဲ့
ဗို့ ကတော့ 4.2v လောက်ပဲကောင်းပါတယ်
ဒီထက်များရင်အန္တ ရာယ်ရှိနိင်ပါတယ် တစ်ချို့ဖုန်း
တွေဆို ဗို့ နဲနဲများသွားရင်ပါဝါဖွင့်လို့ မရတဲ့
ဖုန်းတွေတောင်ရှိပါတယ်
2.ကတော့ current control ပါ အမ်ပီယာ
အနဲအများ ကိုချိန်ညှိနိင်ပါတယ် တနည်းအား
ဖြင့်ရှော့ဆားကစ်တွေကို ရှာတဲ့အခါ အသုံး
တဲ့ပါတယ် ဗို့ နဲ့အမ်ပီယာကိုလျှော့ချပြီး
ဖြည်းဖြည်းခြင်းတင်ကြည့်တဲ့အခါ ရှော့ဖြစ်နေတဲ့
ပစ္စည်းလေးဟာပူလာပါတယ် 5A တွေမပေါ်ခင်က
ဒီလိုပဲရှော့ရှာခဲ့ကြတာပါ
မှန်မမှန်စစ်ဆေးလိုတဲ့အခါ Test ကြိုးထိုးရမည့်အပေါက်ပါ
ဒီနေရာဗို့ ထွက်တဲ့နေရာမဟုတ်ပါဘူး
Test ကြိုးကနေတဆင့်စီးဝင်လာတဲ့ဗို့ ဟာအဲဒီအပေါက်
ရဲ့အတွင်းပိုင်းဆားကသစ်ပတ်လမ်းကနေတစ်ဆင့်
dugital ဒိုင်ခွက်မှာ ဖော်ပြပေးခြင်းဖြစ်ပါတယ်
4 .ကတော့ အမဲရောင်အပေါက်နှစ်ခုလုံး gnd
ဖြစ်တဲ့အတွက် ကြိုက်ရာတစ်ပေါက်ကို ဂရောင်း
အဖြစ်သုံးလို့ ရပါတယ်
5.ကတော့ 1ကချိန်ညှိပေးလိုက်တဲ့ဗို့ ကို ထုတ်ပေးမယ့်
ဗို့ ထွက်သည့်အပေါက်ဖြစ်ပါတယ်
6 ကတော့ 9v အထွက်ပါ ဖုန်းအတွက်မသုံးကြပါဘူး
7.ကတော့ USB ခေါင်းအထိုင်ဖြစ်တဲ့အတွက်
ဖုန်းအားသွင်းခြင်း ချာဂျင်ပတ်လမ်းများ
ချာဂျင် error များ ရှာလိုသောအခါ
အသုံးဝင်ပါတယ်
8.ကတော့ ဆားကစ်ပတ်လမ်းပေါ်ရှိဗို့ များစစ်ဆေး
လိုသောအခါ ညာဖက်သို့ ရွှေ့ထားပေးရန်လိုပါသည်
Test mode changer ခလုတ်ဖြစ်ပါတယ်
9.ကိုတော့သတိထားရမယ့်အထဲမှာပါဝင်ပါတယ်
အဲဒီခလုတ်ကို ဘယ်ဖက်မှာထားရင်
1.ကိုအဆုံးထိ လှည့်ထားမိလဲ 5v ထက်ပိုမထွက်နိင်ပါဘူ
ဖုန်းအတွက်တော့ အန္တရာယ်နဲနဲရှိပါတယ်
တကယ်လို့ ညာဖက်ကိုများပြီးရွှေ့ထားမိရင်
1.ကိုသတိမထားမိပဲအဆုံးထိတင်လိုက်မိပါက အထွက်
ဗို့ သည် 15.6vထိထွက်သွားမှာဖြစ်တဲ့အတွက်
ဖုန်းကိုဆိုးဝါးစွာ ပျက်စီးစေနိင်ပါတယ်
voltage selector ဖြစ်ပါတယ်ဖြစ်နိင်ရင်ဘယ်ဖက်သို့ 
ရွှေ့ပြီးတိတ်ဖြင့်မရွှေ့နိင်ရန်အသေကပ်ထားဖို့ လိုပါတယ်
11.ကတော့ အမ်ပီယာကိုပြပေးမဲ့ဒိုင်ခွက်ပါ
10.ကတော့ အထွက်ဗို့ ကိုပြပေးပါတယ် test mode
ကိုရွှေ့ထားတဲ့အခါ အထွက်ဗို့ ကို ၎င်းဒိုင်ခွက်အား
ကြည့်ရပါတယ် 0.မှ 15.အထိ စကေးကွက်လေးတွေနဲ့ဖော်ပြပေးထားပါတယ်
အသုံးပြုပုံသိပြီဆိုရင်လက်တွေ့ဗို့ တိုင်း
ကြည့်ရအောင်
ပုံမှာပြထားတဲ့အတိုင်း
အထွက်ဗို့ ကို 3.7v ခန့် ချိန်ထားပါ
USB ကြိုးကို ဖုန်းတွင်ချိတ်ပါ အနီအနက်ကြိုးကို
Battery အဝင်ငုတ်တွင်တတ်ဆင်ပါဒါဆိုရင်
ဖုန်းဟာစက်နိုးပြီးတက်လာပါမယ်
ဒီအခါ Test mode ဖက်သို့  selector ကို
ရွှေ့ပေးပါ အနီရောင်အပေါက် 3.မှထိုးထားသောကြိုး
ဖြင့် မိမိတိုင်းတာစစ်ဆေးလိုသောနေရာများကို
ထောက်ကြည့်ခြင်းဖြင့် အထွက်ဗို့ များအား
တိုင်းတာစစ်ဆေးနိင်ပါတယ်
မိမိတိုင်းလိုက်သောနေရာရှိဗို့ များကို
digital ဒိုင်ခွက်တွင်ဖော်ပြပေးမှာဖြစ်ပါတယ်
အားလုံးအမူးအမော်တွေကင်းကြပါစေ
ကက်ကန်းလေလား ခွေးချီးပုံလေလား
G610 လေး ပါဝါကီးနှိပ်ရင် 0.14A လောက်ကနေ
ပြန်ပြန်ကျပါတယ်
ပုံမှန်ဆို 0.17.A လောက်မှာ vibrator
တစ်ချက်တုန်ပြီး logo စတက်ရမှာ
ဆရာတွေပြောပြောနေတဲ့
reset မကျတာဆိုလားမသိပါဘူး
ဓါတ်ကြီးလေးပါးတစ်ခုခုဖောက်ပြန်တာ
နေမှာပါ
အဒါနဲ့ ဒိုင်ညာဂရမ်ထဲမှာပြထားတဲ့
watchdog reset ဆိုလားမသိပါဘူး
အဲ့လမ်းကြောင်းပေါ်က မဲမဲလေးပဲ
ဖြုတ်လဲပေးလိုက်တာ ဟော
SOCIALIZE IT →