Sunday, July 24, 2016
SMD Capacitor လေးတွေကိုလေ့လာကြည့်
Posted By: Unknown - 4:58 AMဖုန်းမှာတတ်ဆင်အသုံးပြုထားတဲ့ပစ္စည်းလေးတွေကို SMD Surface Mount Devices လို့ ခေါ်ကြပါတယ်။
ဒါကြောင့် SMD Capacitor လေးတွေကိုလေ့လာကြည့်တဲ့အခါ dielectrics capacitor လေးများအဖြစ်တွေ့ ရပါတယ်။အပေါင်းအနှုတ် terminal မသတ်မှတ်ပဲအသုံးပြုလို့ ရပါတယ်။
Ulter Thin Cermic Capacitor လေးတွေကိုဖုန်းပတ်လမ်းတစ်လျှောက် နေရာမျိုးစုံအသုံးပြုကြပါတယ်။
ပါဝါအိုင်စီ အတွက်လိုအပ်တဲ့ ဗို့ အားပေးပိုင်းအ၀င်ပတ်လမ်းများ၊အခြားအိုင်စီများဧ၊် အ၀င်ဗို့ ပေးသွင်းသောလမ်းကြောင်းများတွင် low-voltage capacitor လေးများကိုအသုံးပြုထားပါတယ်။
၎င်း capacitor လေးများရဲ့ working voltage rate ဟာ 6.3v ခန့် မှအများဆုံး10v ၀န်းကျင်သာရှိကြပါတယ်။
ပါဝါအိုင်စီတွေရဲ့ တည်ဆောက်ပုံအရ Capacitor လေးများကို Filter အဖြစ်ခေါ်ကြပါတယ်။
ဗို့ အားတစ်ခုကိုပမာဏတစ်ခုထိ ထိန်းပေးထားနိင်တဲ့အတွက် ပါဝါအိုင်စီများရဲ့ လုပ်ငန်းစဉ်ကို ပြည့်ဝစွာ
ထောက်ပံ့ပေးနိင်ပါတယ်။ Input အပိုင်းတွင်ရှိသော filter လေးများကိုအခေါ်အဝေါ်နှစ်မျိုးဖြင့်တွေ့ နိင်ပါသည်။
battery အပေါင်းလမ်းကြောင်းမှ ပါဝါအိုင်စီနှင့်အခြားအိုင်စီအစိတ်အပိုင်းမျာ့းသို့ ဗို့ အားပေးပို့ သောလမ်းကြောင်းပေါ်တွင်ရှိသော capacitor လေးများ များကို diagram များတွင်အခေါ်အဝေါ်အရ V BATT Filter ဟုခေါ်ပါသည်။
ပါဝါအိုင်စီအများစုဟာ ဗို့ အားခွဲဝေဖြန့် ဖြူးခြင်းလုပ်ငန်းအပြင် အခြားသော ကဏ္ဍများရှိနေပါတယ်။
ဥပမာ အသံပိုင်းအတွက် sound amp အပိုင်းများ၊ sim translator အပိုင်းများ၊ battey sense အပိုင်းများ၊charging detect အပိုင်းများစသဖြင့် အစိတ်အပိုင်းများစွာပေါင်းစပ်ပါဝင်နေပါတယ်။ ဒီလိုအိုင်စီအတွင်းပိုင်းရှိ အစိတ်အပိုင်းငယ်များသို့ သီးသန့် လမ်းကြောင်းများခွဲထွက်ကာ အ၀င်ဗို့ ပေးသွင်းကြပါတယ်။အများအားဖြင့် FET,AC6,AC9, စတဲ့ electronic switch တစ်ခုခုခံထားတတ်ပါတယ်။၎င်းသီးသန့် အ၀င်ဗို့ လမ်းကြောင်းများတွင် တပ်ဆင်ထားတဲ့ capacitor လေးတွေကို VPH Filter ဟုခေါ်ကြပါသည်။ VBATT Filter အဖြစ် capacitor ၂လုံး၃လုံးခန့် သာပါဝင်သော်လည်း၊ VPH Filter လေးများသည် ၁၀လုံးခန့် ထိရှိနေတတ်ပါတယ်။၎င်း VPVH Filter များမှာ Input filter တွေဖြစ်တဲ့အတွက် ပေးသွင်းဗို့ တူညီစွာရောက်ရှိနေပါတယ်။ဗို့ အားလမ်းကြောင်းရဲ့
အပေါင်းလိုင်းနဲ့ ground လိုင်းပေါ်မှာ တစ်ဘက်စီခွလျက်တတ်ဆင်ထားကြတဲ့အတွက် vbatt filter ပဲဖြစ်ဖြစ်
vph filter ပဲဖြစ်ဖြစ် ရှော့ဖြစ်ကြတဲ့အခါ ဖုန်းမှာပါဝါမတက်နိင်တဲ့ပြစ်ချက်မျိုးဖြစ်လာပါတယ်။အ၀င်ဗို့ အားကို
ရှော့ဖြစ်နေသော capacitor မှ ground ထဲသို့ ဆွဲချထားခြင်းကြောင့်ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ရှော့ဖြစ်နေသော capacitor လေးတွေကိုရှာပြီးဖြုတ်ပေးနိင်မှသာ ပါဝါပြန်နိုးနိင်မှာဖြစ်ပါတယ်။ရှော့ဖြစ်သော capacitor ကိုနည်းလမ်း သုံးမျိုးနဲ့ရှာဖွေကြပါတယ်။
၁- 5A ဆပ်ပလိုင်းဖြင့်ရှာခြင်း။(အပူဖြင့်ရှာခြင်း)
၂- Analog meter အသုံးပြုရ၊်ရှာခြင်း။ ( x-1 ဆွဲ သည်ဟုပြောကြသည်)။
၃- Digital meter အသုံးပြုရှာခြင်း။( Beep -အသံဖြင့်ရှာခြင်း)။တို့ ဖြစ်ပါတယ်။
ရှော့ရှာနည်းကိုဆက်လက်ဖော်ပြပေးပါမည်။
========================================================
ဖုန်းလေးတွေမှာလေ အပျက်အများဆုံးက စီလေးတွေပဲဗျ။စီလေးတွေဒုက္ခပေးလို့  အိုင်စီတွေကိုဗို့ မရောက်ပဲ
ပါဝါသေတာတို့ ၊ရောက်ရမယ့်ဗို့ အပြည့်အ၀မရောက်လို့ logo လေးလောက်တက်ပြီးရုပ်တည်ကြီးနဲ့ ပြန်ကျ
သွားတာတို့ တစ်ခြားဖြစ်နိင်တဲ့အကြောင်းတွေအများကြီးပေါ့လေ။ဖုန်းတစ်လုံးရဲ့ပြစ်ချက် ၇၀%လောက်ဟာ
အဲဒီစီလေးတွေကြောင့်ဖြစ်နေတယ်ဆိုရင်ကျွန်တော်လွန်တယ်လို့ ထင်ကြမှာပါ။ဖုန်းတွေအများကြီးပြင်လာ
တဲ့အခါကျွန်တော်ပြောတာမလွန်ဘူးဆိုတာသိလာမှာပါ။အဲဒီတော့ဗျာ အခြေခံ electronic ကိုမကျေညက်ရင်တောင် ဖုန်းတွေမှာအဖြစ်များတဲ့ ရှော့ဖြစ်နေတဲ့ စီလေးတွေရှာနည်းလောက်သိထားရင်
တော်တော်အဆင်ပြေပါပြီ။သိပ်အဆင့်အတန်းမြင့်မားတဲ့ ပညာရပ်တွေတော့ကျွန်တော်လဲမတတ်ပါဘူး။
လုပ်တတ်တာလေးပြန်မျှဝေပေးတာပါ။ဆရာတွေအတွက်တော့ ချိုင်းပလေးအကွက်လေးတွေပါ။
အဲဒီတော့လွယ်လွယ်ပြောရရင် ဖုန်းထဲမှာပါတဲ့ စီတွေအကုန်လုံး ရှော့မဖြစ်တတ်ပါဘူး။ရှော့ဖြစ်တတ်တဲ့စီ
လေးတွေသိထားရင်ကိုပဲတစ်ပန်းသာနေပါပြီ။ဖုန်းထဲမှာစီလေးတွေကိုနေရာအလိုက်
Filter capacitor,Coupling capacitor, Bypass capacitor, ဗို့ ပါတစ်ပါတည်းဖြတ်စီးနိင်တဲ့ 3 Terminal
Capacitor စသဖြင့်အမျိုးစုံရှိကြပါတယ်။ဒီအထဲမှာရှော့ဖြစ်နိင်ချေအများဆုံးစီကတော့ Filter Capacitor
ပဲဖြစ်ပါတယ်။
Filter Capacitor ကိုအဓိကအားဖြင့် ၃မျိုးခွဲနိင်ပါတယ်။
VBatt Filter,VPH Filter, Output Filter တို့ ဖြစ်ပါတယ်။ဒီအထဲမှာ vbatt နဲ့ vph က Input Filter အမျိုးအစားဖြစ်ပါတယ်။Output Filter ကတော့ ပါဝါအိုင်စီရဲ့ အထွက်လမ်းကြောင်းတွေမှာဗို့ အားတည်ငြိမ်
ငြိမ်အောင်ထည့်ပေးထားတဲ့စီလေးတွေပါ။ဒီနေရာမှာ vbtatt filter ဆိုတာ battery အပေါင်းလိုင်း ကနေတဆင့်
ဖုန်းပတ်လမ်းပေါ်ရှိအိုင်စီအသီးသီးကိုဗို့ အားတိုက်ရိုက် ပေးထားတဲ့ပတ်လမ်းတစ်လျှောက် စီလေးတွေ
၁၀ လုံးလောက်ရှိနေတတ်ပါတယ်။ပါဝါအိုင်စီအ၀င်စီလေးကိုပဲ မှတ်ယူထားလို့ မရပါဘူး။
ထိုနည်းတူ vph filter တွေဟာလဲ ပါဝါအိုင်စီအပြင်အခြားအိုင်စီတွေရဲ့အ၀င်ဗို့ ပေးသွင်းတဲ့လမ်းကြောင်းတွေ
မှာရှိနေနိင်ပါတယ်။ဥပမာ network ပိုင်းမှာရှိတဲ့ RFMD,PA, တို့ လိုအိုင်စီတွေကို vbatt လမ်းကြောင်းမှ
တိုက်ရိုက်ပေးနိင်သလို vph လမ်းကြောင်းမှလဲပေးထားတတ်ပါတယ်။
vbatt နဲ့ vph ရဲ့ကွာခြားချက်ကတော့ vbatt က battery အပေါင်းတိုက်ရိုက်လမ်းကြောင်းပါ။
vph ဆိုတာကတော့် fet,ac6,ac9 တို့ နဲ့တစ်ဆင့်ခံထားတဲ့ အပေါင်းဗို့ လိုင်းပါ။ဒါကြောင့်လဲ vbatt နဲ့  vph တွေရှော့
ဖြစ်တဲ့အခါ ပြတဲ့အနေအထားမတူတော့ပါဘူး။ vbatt တွေရှော့ဖြစ်ရင် ရှော့ဖြစ်နေတဲ့စီလေးကိုသီးသန့် 
ရှာလို့ လွယ်ကူပါတယ်။ vph filter ရှော့ဖြစ်ရင်တော့ fet,ac9 တို့ ရဲ့ အထွက်ပတ်လမ်း ground နဲ့ ပူးသလိုဖြစ်
သွားတဲ့အတွက် ပေးသွင်းလိုက်တဲ့အ၀င်ဗို့ ဟာ load ဖြစ်ပြီး ကြားမှာခံထားတဲ့ fet.ac9 လေးတွေပဲပူလာတတ်ပါတယ်။ဒါကြောင်ုရှော့ရှာပုံမတူတော့ပါဘူး။
နောက်တစ်ခုကတော့output filter တွေရှော့ဖြစ်တဲ့အခါ battery ချိတ်ရင်ဘာမှထူးခြားမှုမရှိပဲ
ပါဝါကီးနှိပ်လိုက်မှ ပါဝါအိုင်စီရဲ့မျက်နှာပြင်တစ်နေရာရာမှာပူလာတတ်ပါတယ်။ဒီနေရာမှာoutput အပိုင်းမှာ
နှစ်မျိုးကွဲနေပါတယ်ပါဝါလုံးဝမနိုးနိင်တဲ့ output ရှော့ နဲ့  logo ထိတက်ပြီးမှပြုတတ်ကျတတ်တဲ့ ရှော့ဆိုပြီးနှစ်မျိုးတွေ့ နိင်ပါတယ်။လောလောဆယ် Input ရှော့ကိုအရင်လေ့လာဖို့ လိုပါတယ်။
Capacitor တွေမှာဖြစ်နိင်တဲ့အခြေအနေ သုံးမျိုးလောက်တွေ့ ရပါတယ်။
ရှော့ဖြစ်ခြင်း၊ပွင့်ပြတ်ခြင်း၊ယိုစီးခြင်းတို့ ဖြစ်ပါတယ်။ဒီသုံးမျိုးထဲကအဖြစ်အများဆုံးကတော့ရှော့ဖြစ်ခြင်းပါ။
စီလေးတွေမှာ ငုတ်နှစ်ခုပါဝင်ပြီး တစ်ဖက်ကို ဗို့ အပေါင်းလိုင်းနဲ့ ချိတ်ဆွဲထားပြီးတစ်ဖက်ကို အနှုတ် ground
လိုင်းနဲ့ ချိတ်ထားပါတယ်။ဒီလိုအပေါင်းအနှုတ်လမ်းကြောင်းနှစ်ခုကြားမှာခွပြီးတတ်ထားတဲ့အတွက် စီလေးရှော့
ဖြစ်ပြီဆိုရင် အပေါင်းနဲ့ အနှုတ်ကိုပူးပေးလိုက်သလိုဖြစ်သွားတဲ့အတွက် အပေါင်းဗို့ လုံးဝမထွက်နိင်တော့ပါဘူး။
ပါဝါမလာလို့ ကြီးကြီးမားမားပြစ်ချက်ကြီးနဲ့ရောက်လာတဲ့ဖုန်းလေးမှာရှော့ကျနေတဲ့ စီလေးသာရှာပြီးဖြုတ်ပေး
လိုက်ရင် ၇၀%တော့ပြန်ကောင်းဖို့ သေခြာသွားပြီပေါ့ဗျာ။
အဲဒီတော့ရှော့ဖြစ်တဲ့စီကိုရှာနိင်ဖို့ စီလေးတွေရဲ့စရိုက်လက္ခဏာကိုသိထားဖို့ လိုပါတယ်။
ဖုန်းမှာအသုံးပြုတဲ့ စီတွေဟာ dielectric capacitor အမျိုးအစားဖြစ်တဲံအတွက် အပေါင်းအနှုတ်သတ်မှတ်
ထားခြင်းမရှိပါဘူး။စီလီကွန်အလွာနှစ်ခုကြားမှာအင်ဆူလေတာတစ်လွှာခံပြီးတည်ဆောက်ထားတဲ့အတွက်
ဗို့ အားကိုသိုလှောင်ပေးထားနိင်ပါတယ်။တစ်ခါတစ်ရံမှာပေးသွင်းသောဗို့ အားမြင့်မားမှုကြောင့်ဖြစ်စေ၊
သက်တန်းကြာလာပြီးအပူကြောင့်ချို့ ယွင်းမှုဖြစ်စေ စီလေးတွေအတွင်းမှာခံထားတဲ့ လျှပ်ကာလေးဟာပျက်စီးပြီး
စီလီကွန်အလွှာလေးနှစ်ခုတစ်ခုနဲ့တစ်ခုထိပြီးရှော့ဖြစ်သွားပါတယ်။ကောင်းမွန်နေတဲ့စီတစ်လုံးဟာစီလီကွန်အ
လွှာနှစ်ခုသီးခြားစီဖြစ်နေတဲ့အတွက် မီတာဖြင့်တိုင်းကြည့်ရင်လုံးဝမပြတာကိုတွေ့ ရပါတယ်။
ထိုနည်းတူဒီစီဗို့ ကိုလဲတစ်ဘက်မှတစ်ဘက်သို့ ဖြတ်မစီးနိင်အောင်ကန့် သပ်ပေးနိင်ပါတယ်။ရှော့ဖြစ်သွားတဲ့
စီလေးကတော့ အလွှာနှစ်ခုပေါင်းသွားပြီဖြစ်တဲ့အတွက်မီတာကိုအဆုံးထိပြနေမှာပါ။ထို့ အတူဗို့ လမ်းကြောင်း
ကိုလဲ မကန့် သတ်ပေးနိင်တော့တဲ့အတွက် အပေါင်းဗို့ နဲ့ အနှုတ်လမ်းကြောင်းတို့ ပေါင်းသွားပါတယ်။
ဒီလောက်ဆိုရင် စီလေးတွရှော့ဖြစ်ရင်ဖြစ်လာနိင်တဲ့လက္ခဏာကိုသိလောက်ပြီထင်ပါတယ်။
ရှော့ရှာဖို့ အတွက်ကတော့နည်းလမ်းမျိုးစုံအသုံးပြုပြီးရှာလို့ ရပါတယ်။ပထမဦးဆုံးanalog meter နဲ့ ရှာပုံကို
ပြောပြပါ့မယ်။ရိုးရိုးမီတာတွေမှာ ဒီစီဗို့ ကိုမီတာပရော့တံကနေပြန်ထုတ်ယူလို့ ရပါတယ်။
မီတာမှာပါတဲ့ x1 ဆိုတဲ့စကေးဟာ တစ်ခုတည်းသော ဗို့ ပြန်ထုတ်ပေးနိင်တဲ့ စကေးအကွက်ကလေးပါ။
x1 နေရာလေးကိုလှည့်ပြီးချိန်းပေးလိုက်တာနဲ့ မီတာတံနှစ်ခုမှာ မီတာအတွင်းထည့်သွင်းထားတဲ့ ဗို့ ကို
ပြန်ထုတ်ပေးပါတယ်။ဒီနေရာမှာ မီတာရဲ့ဗို့ ကိုအသုံးပြုရခြင်းရဲ့ရည်ရွယ်ချက်ကိုပြောပြပါမယ်။
စီလေးတွေဟာေ ကာင်းမွန်နေရင်သူတို့ ထိပ်နှစ်ဖက်ကို ဗို့ ပေးသွင်းလိုက်ရင် သီးခြားစီကန့်သပ်ပေးနိင်ပါတယ်။
မကောင်းရငတော့ ရှော့အနေနဲ့ စီးဆင်းသွားမှာပါ ။မီတာကို x1 စကေးမှာထားပြီး မီတာတံနှစ်ခုကိုပူးကြည့်လိုက်ပါ မီတာတံလေးဟာအဆုံးထိတက်သွားတာတွေ့ရမှာပါ။ battery အားပြည့်ဖို့ တော့လိုပါတယ်။မီတာတံအဆုံးထိပြရန်ချိန်ငြိလို့ ရပါတယ်။ဒါဆိုရင် ဗို့ ထွက်နေတဲ့ မိတာတံလေးနှစ်ခုနဲ့ စီလေးတစ်လုံးကိုထောက်ကြည့်လိုက်မယ်ဆိုရင် စီရဲ့ ထိပ်နှစ်စမှာ အပေါင်းဗို့ နဲ့ 
အနှုတ်ဗို့ တွေတစ်ဖက်စီရောက်လာမှာပါ။တကယ်လို့ သာတိုင်းလိုက်တဲ့စီလေးကောင်းနေမယ်ဆိုရင်
မီတာတံမှာရှိနေတဲ့ဗို့ ဟာ တစ်ခုနဲ့တစ်ခုမထိတဲ့အတွက် မီတာတံလေးလုံးဝမပြနိင်ပါဘူး။
စီလေးရှော့ဖြစ်နေရင်တော့ မီတာတံနှစ်ခုကိုပူးပေးလိုက်သလိုဖြစ်သွားတဲ့အတွက် မီတာအဆုံးထိပြသွားမှာပါ။
ဒီနေရာမှာစီတစ်လုံးထဲဆိုရင်ပြသနာမရှိပါဘူး။ တကယ်လို့  vbatt လမ်းကြောင်းတစ်လျှောက်စီးရီးချိတ်ဆက်ထားတဲ့စီတွေကိုရှော့ရှာတဲ့အခါ တစ်လုံးလုံးမှာရှော့ဖြစနေရင်
အထက်ပါ vbatt လမ်းကြောင်းကြီးတစ်ခုလုံးရှော့ဖြစ်နေတဲ့အတွက် တကယ်တန်းရှော့ဖြစ်နေတဲ့စီကို
မှန်းသန်းရှာကြရပါတယ်၊တစ်လုံးစီဖြုတ်တိုင်းကြည့်မှသာ တိကျတဲ့အဖြေကိုရမှာပါ။
အခြားနည်းလမ်းများကိုလဲဆက်ပြီးတင်ပေးသွားပါ့မယ်။မီတာနဲ့ ရှာတဲ့အတွက်အား
နည်းချက်ကတော့ရှိပါတယ်။
=========================================================
ရိုးရိုးမီတာကိုအသုံးပြုပြီး ရှော့ဖြစ်နေတဲ့စီလေးတွေရှာတဲ့အခါ၊ စီတစ်လုံးစီကို ဖြုတ်ပြီးတိုင်းကြည့်မှသာ
တိကျတဲ့အဖြေကိုရနိင်ပါတယ်။တကယ်လို့ ပတ်လမ်းပေါ်မှာတိုင်းတဲ့အခါအခြားအပိုင်းများနဲ့ဆက်စပ်နေတဲ့အတွက် မိမိရှာလိုတဲ့စီလေးဟုတ်မဟုတ်မသိနိင်ပါဘူး။
ဒီလိုပဲ digital meter, smart smd tester, စတဲ့ အဆင့်မြင့်တဲ့မီတာတွေလဲပဲ စီးရီးချိတ်ဆက်နေတဲ့ စီတွေ
ရှိနေရင် ရှော့ဖြစ်တဲ့အလုံးကိုအတိအကျမပြနိင်ပါဘူး။သူလဲဖြုတ်ပြီးတိုင်းမှ တိကျတဲ့အဖြေရနိင်မှာပါ။
ပုံမှာ digital meter နဲ့  smd tester နှစ်ခုကိုစီတစ်လုံးနဲ့ တိုင်းပြထားပုံပါ။ဒီစီလေးကိုပထမ ပတ်လမ်းပေါ်မှာ
ရိုးရိုးမီတာနဲ့ တိုင်းကြည့်တော့နှစ်ဖက်စလုံးမီတာတံအဆုံးထိပြနေတယ်။ဒါနဲ့ digital မီတာနဲ့ အသံထုတ်ပေးတဲ့
စကေးမှာထားတိုင်းတော့လဲနှစ်ဖက်စလုံးမြည်နေတယ်။ဒါနဲ့ သေခြာအောင် smd tester နဲ့ တိုင်းကြည့်တော့လဲ
0.2 ohm လောက်ထိပြနေတယ်။ဒါဆိုရင်တော့သေခြာသွားပြီဆိုပြီးဖြုတ်ချလိုက်တယ်။ဒါပေမယ့်ပတ်လမ်းမှာ
ရှော့မပြောက်သွားပါဘူး။ ခုနကဖြုတ်ထားတဲ့စီလေးကိုပြန်တိုင်းကြည်ုတော့ analog meter မှာဘာမှမပြတော့ဘူ။ digital meter လဲအသံမမြည်တော့ဘူး။capacitor တွေရဲ့  capacitance ကိုတိုင်းကြည့်တော့ ပုံမှာမြင်ရတဲ့အတိုင်းပြနေပါတယ်။တကယ်တော့ စီလေးရှော့ဖြစ်နေတာမဟုတ်ပါဘူး။
ပတ်လမ်းပေါ်မှာတိုင်းကြည့်တဲ့အတွက်အခြားသူနဲ့ စီးရီးချိတ်ဆက်နေတဲ့ ပစ္စည်းတစ်ခုခုရှော့ဖြစ်နေတဲ့အတွက်
သု့ မှာပါရှော့လာပြနေတာပါ။ဒါကြောင့် မည်သည့်မီတာနဲ့ တိုင်းတိုင်း ပတ်လမ်းပေါ်မှာတိုင်းကြည့်ရင်တော့
တိကျတဲံအဖြေ၊ရှော့ဖြစ်နေတဲ့စီကို တန်းတွေ့ နိင်မှာမဟုတ်ပါဘူး။
တိကျတဲ့အဖြေကိုပေးနိင်တာကတော့ အပူကိုအသုံးပြုပြီးရှော့ရှာနည်းပါပဲ။
ဒီနည်းကိုသုံးဖို့ အတွက် မိမိမှာ 5A စပလိုင်းရှိရင်ပိုကောင်းပါတယ်။
ကောင်းမွန်တဲ့စီလေးတွေဟာ သူတို့ ရဲ့ working voltage လို့ ခေါ်တဲ့ အလုပ်လုပ်နိင်တဲ့ အမြင့်ဆုံးဗို့ ဆိုတာ
ရှိပါတယ်။ဥပမာ ဖုန်းပတ်လမ်းတွေမှာအသုံးပြုတဲ့ filter capacitor လေးတွေဟာ 6.3v ၀န်းကျင်အသုံးပြကြတဲ့
အတွက် အကြောင်းအမျိုးမျိုးကြောင့်သူခံနိင်ရည်ရှိတဲ့ဗို့ ထက်ပိုပြီးပေးသွင်းမိတဲ့အခါရှော့ဖြစ်တတ်ပါတယ်။
ဒီလိုရှော့ဖြစ်သွားတဲ့စီလေးတွေကိုပုံမှန်ဗို့ ပေးသွင်းလိုက်တဲ့အခါအမ်ပီယာမပါရင်ရှေ့သို့ တွန်းပို့ နိင်ခြင်းမရှိတဲ့အတွက် ရှော့ ကိုမတွေ့ နိင်ပါဘူး။တကယ်လို့ ဗို့ ရောအမ်ပီယာပါ ထည့်သွင်းပေးနိင်ရင် ရှော့ဖြစ်နေတဲ့စီလေးဟာ စီးဝင်လာတဲ့ လျှပ်စီးကြောင့်ရဲ့ တွန်းကန်မှုကြောင့်
အပူချိန်တစ်ခုထိတက်လာပါတယ်။ထိုအခါပူနေသောစီလေးကို လက်ဖြင့်စမ်းသပ်ကာဖြုတ်ပေးခြင်းဖြင့်
ရှော့လွတ်အောင်လုပ်နိင်ပါတယ်။ဒီနေရာမှာတစ်ခုသတိထားဖို့ က အမ်ပီယာဟာ ပေးသွင်းလိုက်တဲ့ဗို့ အပေါ်မှာ
သက်ရောက်မှုများများမရှိပေမယ့်၊အသုံးပြုထားတဲ့ ဗို့ ထုပ်ပေးတဲ့ ညှပ်ကလစ်တတ်ထားတဲ့ကြိုးနှစ်ချောင်း
ပေါ်မှာတော့များစွာမှီခိုနေပါတယ်။ဥပမာ အသုံးပြုထားတဲ့ကြိုးအလျားလိုအပ်သည်ထက်ပိုရှည်နေခြင်း၊
အသုံးပြုသည့်ကြိုးသည် လျှပ်စီးကြောင်းအပြည့်အ၀စီးဆင်းနိင်ရန် လိုအပ်တဲ့ပမာနမရှိပဲဝါယာကြိုးဂိတ် ကြီးလွန်းခြင်း၊ပါဝင်သည့်အပင်
နဲလွန်းခြင်း၊ကြိုးအရည်အသွေးညံ့ဖျင်းခြင်းတို့ ကြောင့် ပတ်လမ်းပေါ်တွင်ရှော့ဖြစ်နေသော ပစ္စည်းသို့ အပူမစီးနိင်ပဲ ကြိုးနှစ်ချောင်းတွင်သာပူနေပါလိမ့်မည်။5A စပ်ပလိုင်းအတွက်အကောင်းဆုံးကြိုးကတော့ ကားဝါယာရိန်းလုပ်ရာတွင်အသုံးပြုသောကြိုးကို တစ်ပေခွဲခန့် အရှည်ဖြတ်ပြီး ညှပ်ကလစ်ကိုထိထိမိမိဖြစ်စေရန် ခဲဖြင့်အသေဆော်ထားဖို့လိုပါသည်။
သို့ မှသာ အမ်ပီယာအပြည့်စီးနိင်ပြီး ရှော့ဖြစ်နေသောစီတွင်အပူကောင်းစွာ ဖြစ်ပေါ်စေပါသည်။
တစ်ခါတစ်ရံ ရှော့ဖြစ်နေသော input filter လေးများအား 5A ဖြင့်ထိုးလိုက်သောအခါ ရှော့မှ open ပွင့်ပြတ်ခြင်းသ်ု့ ပြောင်းသွားပြီးပုံမှန်စက်နိုးသွားတာတွေ့ ရပါသည်။ အပူဖြင့်ရှာသောနည်းကတော့
ဖြုတ်စရာမလိုပဲ ပတ်လမ်းပေါ်တွင်အလွယ်တစ်ကူရှာဖွေနိင်ပါသည်။
ဆက်လက်ရ၊် VPH ရှော့နှင့် Output ရှော့ရှာနည်းများကိုလဲတင်ပေးသွားပါမယ်။
About Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →