Saturday, July 23, 2016
ဖုန်းတစ်လုံးပါဝါလာဖို့ အေ၇းကြီးတဲ့အချက်များ
Posted By: Unknown - 4:50 AMဖုန်းတစ်လုံးပါဝါလာဖို့ အေ၇းကြီးတဲ့အချက်များ
ဖုန်းတစ်လုံးအဓိကပါဝါ လာဖို့ ဆို၇င် hardware ပိုင်းအရ PMU,CPU,EMMC
စတဲ့အိုင်စီတွေ ကောင်းမွန်၇ပါမယ်။ဗို့ လမ်းကြောင်းတစ်လျှောက်တွင်ရှိသော components
တွေ ကောင်းမွန်ရပါမယ်။ software ပိုင်းအရလဲ system os ပိုင်းတွေ error ကင်းနေဖို့ လိုပါတယ်။
ပါဝါအိုင်စီတွေမှာ ကိုယ်ပိုင်ခုန်လိုင်းထုတ်နိင်တဲ့ pulse width modulation (PWM) အပိုင်းပါဝင်ပါတယ်။
ဒီအပိုင်းကနေ output ပိုင်းတွင်ရှိသော regulator ပတ်လမ်းတွေကို လိုအပ်သလို ထိန်းချုပ်ပေးပါတယ်။
ခုန်လိုင်းကိုလိုအပ်သလို အကျဉ်းအကျယ် ပြုပြင်ပေးလျှင် output volts ကိုလဲထိန်းချုပ်ချိန်ငြိပေး
နိင်ပါတယ်။ PWM ပိုင်းမှာပါဝင်တဲ့  Crystal ကိုတော့ 32KHZ crystal ကိုအသုံးပြုပါတယ်။၎င်း crystal
မကောင်းလျှင် PWM ပိုင်းလုပ်ဆောင်မှု ထိခိုက်သည့် အတွက် ပါဝါမတက်ခြင်း ၊logo တွင်ရပ်ခြင်းများ
ဖြစ်နိင်ပါတယ်။ပါဝါအိုင်စီတွေမှာ အများအားဖြင့် အသံပိုင်း တွေပါဝင်နေတတ်ပါတယ်။စပီကာလဲကြည့်
ခြင်း၊ပတ်လမ်းစစ်ဆေးကြည့်ခြင်းစသဖြင့် လုပ်ကြည့်ရ်ျမရလျှင် PMU လဲပေးရတဲ့အထိဖြစ်လာပါတယ်။
battery မှ လာတဲ့ 3.5v ကို လမ်းကြောင်းနှစ်ခုခွဲပြီး PMU ကိုပေးထားတတ်ပါတယ်။ပထမ တစ်လမ်းက
standby volt အဖြစ်ပို့ ထားပြီး FET,AC9 အစရှိတဲ့ GATE အိုင်စီလေးတွေခံပြီး VPH PWR လမ်းကြောင်း
အဖြစ်ပေးပို့ ထားပါတယ်။၎င်း VPH PWR လမ်းကြောင်းေ၇ာက်မှ ပါဝါ နိုးနိင်မှာပါ။
Standby လမ်းကြောင်းမှာရှိတဲ့ components လေးတွေရှော့ဖြစ်ရင် အလွယ်တကူရှာတွေ့ နိင်ပေမယ့်
VPH PWR လမ်းကြောင်းတစ်လျှောက်ေ၇ှာ့ ဖြစ်လျှင် FET,AC9 တို့ ကို ဖြုတ်ပြီး ဗို့ ပေးသွင်းမယ့်
ပတ်လမ်းနဲ့  Jumper ကျော်ပေးမှ ရှာလို့ ရမှာပါ။ထိုကဲ့သ်ု့ မရှာလျှင် FET AC9 သာပူနေပါမည်။
အကယ်ရ်ျ PMU တွင် ပြစ်ချက်မ၇ှိလျှင် Boot output ပိုင်းတွေဖြစ်တဲ့ S1,S2,S3, စတဲ့လမ်းကြောင်းတွေကို သက်ဆိုင်၇ာဗို့ တွေထုတ်ပေးပါတယ်။ S1,S2 သည် 1.1vထုတ်ပေးပြီး
CPU အိုင်စီအတွက်လိုအပ်တဲ့ VDD ဗို့ တွေထုတ်ပေးပါယ်။ S3 လမ်းကြောင်းကတော့ 1.7v ထွက်ပြီး
emmc အတွက် VDD တစ်လိုင်းပို့ ပေးပါတယ်။ နောက်ထပ်လိုအပ်တဲ့ တစ်လိုင်းကိုတော့ dc to dc
မှတဆင့် 2.7V ရယူထားပါတယ်။ ပါဝါခလုတ်ကို 3S,4S, ခန့် ဖိပေးလိုက်လျှင် power on signal
ထွက်လာပြီး CPU နှင့် EMMC တို့ အတွက်လိုအပ်တဲ့ဗို့ တွေထုတ်ပေးပါတယ်။
သက်ဆိုင်၇ာအိုင်စီတွေကို ဗို့ အသီးသီးရောက်သွားလျှင် CPU အိုင်စီတွင်းရှိ clock generator
စတင်အလုပ်လုပ်ပါတယ်။ clock ခုန်လိုင်းကို PMU နဲ့  EMMC တို့ ဆီ ပြန်ပို့ ပေးပါတယ်။
ထိုအချိန်မှသာ ပါဝါ အိုင်စီ အတွင်းရှိ logic control ပိုင်းတွေ ၊switching mode regulator
ပိုင်းတွေပုံမှန်အလုပ်နိင်မှာပါ။ဒါကို powewr on sequence လို့ ခေါ်ကြပါတယ်။
emmc သို့  clock ခုန်လိုင်းရောက်ရှိချိန်မှာတော့ boot အပိုင်းစတင်အလုပ်လုပ်ပါတယ်။ CPU အိုင်စီအတွင်းရှိ RAM ပေါ်သို့  low level coding program data တွေပါတဲ့ bootloader အပိုင်း
ကူးပြောင်းပေးပါတယ်။ CMD,CLK,DO,အစရှိတဲ့ data လမ်းကြောင်းတွေ ချိတ်ဆက်အလုပ်လုပ်ကြပါတယ်။ LOGO ပေါ်လာပြီး system ပိုင်းကို ဆက်လက် ဆွဲယူပြီး kernel
နဲ့ ချိတ်ဆက်ပေးပါတယ်။ kernel ကတဆင့် hardware ပိုင်းမှာပါဝင်တဲ့ devices တွေနဲ့  software
ပိုင်းမှာပါဝင်တဲ့ code တွေ application တွေကိုချိတ်ဆက်ပေးပါတယ်။ဒီအပိုင်းမှာတော့ power section ပိုင်းသာမကပဲ
netork ပိုင်းနဲ့ အခြား အစိတ်အပိုင်းတွေပါ လည်ပတ်စေပါတယ်။
ကျွန်တော်လေ့လာထားမိသလောက်ပြောရရင်
0.00A ___0.07A မှာ (1.1V,1.1V,1.7V) သုံးခုထွက်လာပါတယ်။
0.07A ___0.12A မှာ (1.1V,1.1V,1.7V,2.7V) တွေထွက်လာပါတယ်။
0.12A ____0.17A မှာ (logo ) စတက်ပါတယ်။ L လမ်းကြောင်းတစ်ချို့ ပွင့်လာပါတယ်။
0.17A ____0.22A မှာ (second logo 3G logo) တက်ပါတယ်။
0.22A ___0.28A မှာ (system ,devices) စတင်စစ်ဆေးပါတယ်။
0.28A ___0.35A မှာ (firmware 0s ) အပြည့်အ၀လည်ပတ်နေပါတယ်။ L လမ်းကြောင်းတွေအကုန်ပွင့်သွားပါတယ်။
0.35A ___0.45A မှာ (SIM,SD, Network, ) အပိုင်းတွေ အပြီးသတ်စစ်ဆေးပါတယ်။
အားလုံးပြည့်စုံသွားချိန်မှာတော့၊အမ်ပီယာအနဲငယ်ပြန်ကျပြီး normal mode ကိုရောက်ပါတယ်။
0.45A ____ 0.35A ( Home screen ) USER ကိုစောင့်ပါတယ်။ဘာမှမခိုင်း၇င်
0.35A _____0.00A (Standby mode) ကိုရောက်နေပါတယ်။ဒီအချိန်မှာ
power button ကိုတစ်ချက်နှိပ်လိုက်ရင် devices အားလုံးချိတ်ဆက်ပြီးဖြစ်နေတဲ့အတွက်
home screen ကိုတန်းရောက်သွားပါတယ်။ဖုန်းရဲ့ စကရင်ဆိုက်အသေးအကြီးပေါ်မူတည်ပြီး
အမ်ပီယာပြတာတော့ ကွာမှာပေါ့နော်။
ဒါကတော့ကျွန်တော်လေ့လာထားတဲ့ပုံစံပါ ။အားလုံးတော့မှန်ကန်မှုမရှိနိင်ပါဘူး။
လေ့လာစညီငယ်တွေအတွက် အနည်းအကျဉ်းလောက် အထောက်အကူရမယ်ဆိုရင်
ကျေနပ်ပါပြီ။
=========================================================
ဖုန်းတစ်လုံးပါဝါလာဖို့  လိုအပ်တဲ့အချက်တွေကတော့အများကြီးပါပဲ။အကျိုးအကြောင်းကိုက်ညီမှုတွေ
အများကြီးလိုအပ်ပါတယ်။ ဒီအထဲကမှ လေ့လာထားမိသလောက်ပြောပြရရင်။
power section လေးတစ်ခုမှာ အရေးကြီးတဲ့ အိုင်စီ သုံးလုံးပါဝင်နေပါတယ်။အဲဒါတွေကတော့
(1) PMU
(2) CPU
(3) EMMC
တို့ ပဲဖြစ်ပါတယ်။ကျန်တဲ့ ဆက်စပ်ပစ္စည်းတွေကောင်းနေဖို့ လဲလိုအပ်ပါတယ်။ဥပမာ
battery အားပြည့်နေရပါမယ်။ပါဝါခလုတ်တွေကောင်းရမယ်။R,C,D, တွေကောင်းရပါမယ်။
ဒီအပိုင်းတွေအားလုံးကောင်းမွန်နေရင်တော့ အိုင်စီလေးတွေရဲ့အတွင်းပိုင်းဖွဲ့စည်းမှုကို
လေ့လာကြည့်ရအောင်။
(1) PMU (Power Management Unit)
PMIC တစ်လုံးမှာ အောက်ပါ အစိတ်အပိုင်းတွေပါဝင်နေကြပါတယ်။
Voltage Regulator ပတ်လမ်း
LDO လို့ ခေါ်တဲ့ Low Drop Out linear regulator ပတ်လမ်း
Charging detect ပတ်လမ်း
Power save mode ပတ်လမ်း
PWM ပတ်လမ်း
32KHZ crystal ပတ်လမ်း
TCXO input /output ပတ်လမ်း
Sleep clock ပတ်လမ်း
Logic control ပတ်လမ်း
I2C Interface commands line ပတ်လမ်း
Comparator ပတ်လမ်း
Current limiter ပတ်လမ်း
Feedback sense ပတ်လမ်း
Undervoltage lockout ပတ်လမ်း
Sound Amp
Battery temperature sense ပတ်လမ်း
စတဲ့အပိုင်းတွေပါရှိပါတယ်။
(2) CPU (Central Processing Unit)
ဖုန်းတွေမှာ အသုံးပြုကြတဲ့ CPU တွေကိုအများအားဖြင့် System-on-Chip (soc)
Architectures စံနစ်ကိုအများဆုံးအသုံးပြုကြပါတယ်။
ဆီလီကွန် ချိစ် အပြားလေးတစ်ခုအတွင်းမှာ CPU Core, GPU,RAM,In/Out logic,baseband
စတဲ့အပိုင်းတွေကို စုစီးပေါင်းစပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ HUAWEI တွေမှာအသုံးအများဆုံး
MTK CPU တွေရဲ့  ဖွဲ့စည်းပုံက အထက်ပါအတိုင်းဖြစ်ပါတယ်။ နေရာယူမှုနဲ့ ပါဝါစားသုံးမှုကို
အထူးလျှော့ချပေးနိင်တာတွေ့ ရပါတယ်။ QUALCOMM အမှတ်တံဆိတ် CPU တွေကတော့
အပူပိုထွက်ပြီး ပါဝါပိုမိုစားသုံးတာတွေ့ ရပါတယ်။
SAMSUNG ဖုန်းတွေမှာ အသုံးပြုတဲ့ CPU တွေကတော့တန်ဖိုးမြင့်မားတဲ့
SNAPDRAGON အမျိုးအစား ဖြစ်ပါတယ်။စွမ်းဆောင်၇ည်မြင့်မားတဲ့ quad-core CPUတွေဖြစ်ပါတယ်။
CPU တွေမှာပါဝင်တဲ့ RAM (Random Access Memory) ပမာဏပေါ်မူတည်ပြီးဖုန်းတစ်လုံးရဲ့လုပ်ဆောင်
ချက်မြန်ဆန်တာ နှေးကွေးတာတွေ သက်ဆိုင်နေပါတယ်။ CPU တွေမှာ ကိုယ်ပိုင် clock generator
အပိုင်းပါဝင်ပြီး ဖုန်းတစ်ခုလုံးရဲ့ လုပ်ဆောင်ချက်အားလုံးကိုထိန်းချုပ်ပေးထားတဲ့အိုင်စီလဲဖြစ်ပါတယ်။
(3) EMMC (Embedded Multi-Media Controller)
‘emmc တွေရဲ့ အတွင်းပိုင်းဖွဲ့ စည်းပုံကတော့ ကွန်ပြူတာတွေမှာအသုံးပြုတဲ့ hard disc နဲ့ ဆင်တူပါတယ်။
အလွှာ လိုက်အပိုင်းလေးတွေပါဝင်ပြီး ဖုန်းတစ်လုံးပါဝါနိုးဖို့ လိုအပ်တဲ့ power on programming codes
တွေကို အပေါ်ဆုံးအလွှာမှာထည့်သွင်းထားပါတယ်။ဒါကို boot rom stage လို့ ခေါ်ပါတယ်။
boot အလွှာရဲ့အောက်မှာတော့ stage 2 bootstraps (boot looping) အပိုင်းရှိပြီး၊၄င်းအောက်မှာတော့
stage 3 bootloader အပိုင်းရှိပါတယ်။အဲဒီအောက်မှာတော့ firmware လို့ အများသိကြတဲ့
system os ကြီးတည်ရှိပါတယ်။
ဒါဆိုရင်သူတို့ ဘယ်လိုချိတ်ဆက်အလုပ်လုပ်ကြလဲဆိုတာလေ့လာကြည့်ရအောင်ပါ။
power button လေးကို လေး ငါးစက္ကန့် လောက်ဖိပေးထားလိုက်ရင် ပါဝါအိုင်စီရဲ့ အထွက်ပိုင်းကနေ
အိုင်စီအသီးသီးရဲ့လိုအပ်တဲ့ဗို့ တွေကိုထုတ်ပေးလိုက်ပါတယ်။ဒီနေရာမှာ operation system တစ်ခုလုံးလည်ပတ်ဖို့  မဟုတ်သေးပါဘူး။ CPU အတွက်လိုအပ်တဲ့ ဗို့ တွေ၇ယ် EMMC အတွက်လိုအပ်တဲ့
ဗို့ တွေလောက်သာ အရင်ထုတ်ပေးတာပါ။ CPU ဟာလိုအပ်တဲ့ ဗို့ တွေေ၇ာက်တာနဲ့ ၎င်းအတွင်း၇ှိ
clock generator အပိုင်းမှစတင် ပြီး clock ခုန်လိုင်းတွေထုတ်ပေးပါတယ်။ဒီခုန်လိုင်းတွေ PMU ,EMMC
တို့ ဆီအသီးသီးရောက်သွားချိန်မှာ PMU အတွင်းရှိ logic control ပိုင်းတွေဖြစ်တဲ့ I2C, SBI,GPIO အစ၇ှိတဲ့
အပိုင်းတွေ ဆက်လက်အလုပ်စေပါတယ်။ တစ်ချိန်ထဲမှာပဲ EMMC အတွင်းမှာ၇ှိတဲ့ ROM Boot stage မှ
low-level coding program အပိုင်းကို CPU အတွင်းမှာပါဝင်တဲ့ RAM ပေါ်ကို copy ကူးယူလိုက်ပါတယ်။
ဒီလိုကူးနိင်ဖို့ အတွက်လဲ ချိတ်ဆက်ထားတဲ့ CMD,CLK,D0, အစ၇ှိတဲ့ data လိုင်းတွေနဲ့  MMC အပိုင်းအတွက်
ဆက်သွယ်ထားတဲ့ data လမ်းကြောင်းတွေ စုစုပေါင်း ၁၁လိုင်းပါဝင်နေတာတွေ့ ရပါတယ်။
boot rom ကို RAM ပေါ်မှာကူးယူ run လိုက်ချိန်မှာတော့ ဖုန်းတစ်လုံးရဲ့ ဦးဆုံးမြင်တွေ့ ရမဲ့ တံဆိပ်အမှတ်အသား logo ကိုတွေ့ ရပါမယ်။ ဒီအချိန်မှာပဲ pmu ပိုင်းကလဲ power on sequence လုပ်ငန်းစဉ်
အတိုင်း လိုအပ်တဲ့ဗို့ တွေကို တဆင့်ပြီးတဆင့် သက်ဆိုင်ရာ အိုင်စီများကိုပို့ လွတ်ပေးပါတယ်။
logo .img ပါဝင်တဲ့အပိုင်းလေးကို ထပ်ခါတလဲလဲ ဆွဲယူနေခြင်းကို boot straps (boot lopping)
လုပ်တယ်လို့ ခေါ်ကြပါတယ်။ ဒီနေရာ ဘာ error မှမရှိရင် system os ရဲ့ codes တွေကို ချိတ်ဆက်ပေးမယ့်
bootloader code ကို RAM ပေါ်သို့ ထပ်မံဆွဲယူပါတယ်။ ဒီအပိုင်းကို အောင်မြင်စွာဖြတ်သန်းပြီးရင်တော့
3G logo လို့ ခေါ်ကြတဲ့ kernel အပိုင်းကို ချိတ်ဆက်မိသွားပါတယ်။ kernel ဟာ software ပိုင်းအရ
ပါဝင်နေ ပြီး hardware devices များနဲ့ system os တွင်းပါဝင်တဲ့ application တွေ၊driver ပိုင်းတွေကို သက်ဆိုင်ရာအလိုက် ချိတ်ဆက်ပေးတဲ့ အရေးကြီးဆုံးအပိုင်းလဲဖြစါပါတယ်။ဒီအချိန်ကတော့ဖုန်းတစ်လုံးအတွက် ပါဝါစားသုံးမှုအများဆုံးအပိုင်းလဲဖြစ်ပြီး အမ်ပီယာလဲအမြင့်ဆုံးကိုရောက်နေပါတယ်။ လိုအပ်တဲ့ ဗ်ု့ လိုင်းတွေလဲ
အကုန်ထွက်လာပါတယ်။ဒီလို software နဲ့ hardware ချိတ်ဆက်မှု လုပ်ငန်းစဉ်အပြည့်အ၀ပြီးဆုံးပြီး
User အသုံးပြုရန်အဆင်သင့်ဖြစ်နေချိန်ကိုတော့ power on (သို့ ) standby လို့ ပဲ ပြောရတော့မှာပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
=========================================================
အော် ဒီနေ့ ဆရာသင်လိုက်တဲ့ သင်ခန်းစာက ပါဝါအိုင်စီလေးအကြောင်းပါ
သင်လိုက်တာတော့အများကြီးပဲ
S1 S2 S3 S4တဲ့ ဗို့ တွေထွက်တဲ့ကွိုင်လေးတွေတဲ့
နောက်ကွိုင်မပါပဲထွက်တာက၁၉ ခုတဲ့အားလုံး၂၃လိုင်းတောင်
ရှိတယ်ဆိုပဲ ဆရာကတော့ဘယ်လိုင်းကဘယ်သွားတယ်
ဘယ်လောက်ဗို့ တွေထွက်တယ်ဆိုပြီးရေးပြသွားလိုက်တာ
တန်းနေတာပဲ
ကိုယ်ကတော့S123 ကလွဲလို့ ဘာမှမမှတ်မိဘူး
နောက်ပြီးပါဝါအွန် စီးကွမ့်ဆိုလားမျဉ်းကြောင်းအကောက်
အကွေးတွေပဲတွေ့တယ် ဘာတွေမှန်းမသိဘူး
နောက်ပြောသေးတယ်EMMCဆိုတာကွန်ပြူတာထဲက
ဟက်ဒစ်လိုပဲတဲ့
အပိုင်းလေးတွေခွဲပြီးအပေါ်ဆုံးအလွှာမှာ boot ရှိတယ်တဲ့
ပါဝါအိုင်စီကနေဗို့ တွေရောက်တာနဲ့ boot ထဲက ပါဝါအွန်ကုဒ်
တွေကိုစီယူရဲ့ RAM ပေါ်ကူးယူတယ်တဲ့ အဲဒီမှာ logo
စတက်တယ်ပြောပါတယ် နောက်ပြီး bootloader ထဲက
ကုဒ်တွေကိုလဲထပ်ကူးယူတယ်တဲ့ ပြီးရင် system os
ရဲု့ကုဒ်တွေကိုလဲထပ်ကူးပါတယ်တဲ့
နောက်ဆုံးမှာတော့ firmware လို့ ခေါ်တဲ့ os ကြီးထဲက
ပါဝါအွန်လုပ်ငန်းစဉ်နဲ့ပတ်သက်သမျှကုဒ်တွေအားလုံး
လည်ပတ်စေတယ်တဲ့ဆရာသင်ပြသွားတာတော့ ၃နာရီစာပဲ
ဒါလေးပဲမှတ်မိတယ်
About Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →