မိုဘိုင်းဖုန်း စက်ပြားပေါ်တွင်အသုံးပြုထားသော ကွိုင်လေးများအကြောင်း။
(1) BUCK COIL.
(2) BOOST COIL.
(3) FERRITE BAED (LB) COIL.
(4) RF COIL .( High Ferquency Inductor)
စသဖြင့်နေရာမျိုးစုံတွင် အသုံးပြုကြပါသည်။
(1) BUCK COIL ဆိုသည်မှာ Unshielded Power Inductor အမျိုးအစားဖြစ်ပြီး
လျှပ်စီးကြောင်း
တောင့်တင်းရန်လိုအပ်သော ပတ်လမ်းနေရာများတွင်အဓိကအသုံးပြုသည်။
Current storage ဆိုသည့်အတိုင်း လျှပ်စီးကြောင်းတွင် ဗို့ နှင့်အမ်ပီယာလိုအပ်သော အဓိကနေရာဖြစ်သည့်
CPU, EMMC စတဲ့ အိုင်စီတွေရဲ့ ဗို့ အားပေးသွင်းတဲ့လမ်းကြောင်းမှာအသုံးပြုပါတယ်။
ပါဝါအိုင်စီအထွက်မှာရှိတဲ့ကွိုင်လေးတွေဟာ BUCK ကွိုင်အမျိုးအစားဖြစ်ပါတယ်။
BUCK ကွိုင်တွေရဲ့  switching အလုပ်လုပ်တဲ့ပုံကတော့
PWM လိုင်းကို programming ပိုင်းနဲ့ ပေါင်းစပ်ပြီး ထိန်းငြှိပေးထားတာဖြစ်ပါတယ်။
၎င်းပတ်လမ်းရဲ့ တည်ငြိမ်မှုကိုတော့ positive feedback နဲ့  negative feedback
ပတ်လမ်းနှစ်ခုကနေ
အာရုံခံထိန်းပေးပါတယ်။တကယ်လို့  အထွက်လမ်းကြောင်းပေါ်မှာ ရှော့ ဖြစ်နေလျှင် switching mode ကို
disable လုပ်ပေးလိုက်ပါတယ်။
ပါဝါအိုင်စီ၊ချာဂျင်အိုင်စီ၊ dc to dc ပတ်လမ်းလေးတွေမှာ ၄င်းကွိုင်လေးတွေကိုတွေ့ ရပါတယ်။
(2) BOOST COIL ဆိုသည်မှာ Shielded Power Inductor အမျိုးအစားဖြစ်ပြီး
ဗို့ အားမြင့်တင်ပေးရန်လိုအပ်သောပတ်လမ်းများတွင်အသုံးပြုပါသည်။ဖုန်းတွေမှာ backlight ပိုင်းမှာ
၎င်းကွိုင်လေးတွေကိုအသုံးပြုပါတယ်။
boost coil တွေရဲ့  switching ပိုင်းအလုပ်လုပ်ပုံကတော့ buck coil နဲ့ ကွာခြားမှုရှိပါတယ်။
၎င်းကွိုင်တွေကို အရင်ဆုံးဒီစီ ဗို့ အားတစ်ခုပေးသွင်းထားဖို့ လိုပါတယ်။
ကွိုင်ရဲ့ တစ်ဖက်ထိပ်ကနေ ဖြတ်စီးလာတဲ့ ဒီစီဗို့ ကို MOSFET ကနေ switching လုပ်ပြီး
အေစီဗို့ အဖြစ် ပြောင်းလဲမြင့်တင်ပေးပါတယ်။ထို့ နောက်ဒိုင်အုပ်ခံပြီးဒီစီဗို့ ကိုပြန်ပြောင်းယူပါတယ်။
(3) FERRITE BEAD (LB) COIL ဆိုသည်မှာ RF Frequency များ ကြောင့် ဖြစ်တတ်သော
နှောက်ယှက်လိုင်းများကိုလျှော့ချပေးနိင်ခြင်း၊ ဒီစီလျှပ်စီးကြောင့်ကို low resistance အဖြစ်
ဖြတ်စီးစေနိင်ခြင်း
စတဲ့လက္ခာဏာများရှိတဲ့အတွက် အသံနဲ့ ပတ်သက်တဲ့ပတ်လမ်းများ
၊ချာဂျင်အ၀င်ပတ်လမ်းများ၊ signal
လမ်းကြောင်းများတွင်အဓိကအသုံးပြုကြပါသည်။၎င်းကွိုင်တွင် switching mode
အပိုင်းမပါဝင်တဲ့အတွက်
အိုင်စီများ နဲ့ ချိတ်ဆက်ထားခြင်းမရှိပဲ၊ ဗို့ လမ်းကြောင်း၊အချက်ပြလမ်းကြောင်းတို့ ပေါ်တွင်
ကြားခံဆက်သွယ်
ပေးသည့် ပစ္စည်းအဖြစ်အသုံးပြုသည်။
(4) RF COIL. ဆိုသည်မှာ frequency အမြင့်ပိုင်းတွေမှာအသုံးပြုသောကွိုင်များဖြစ်သည်။ ဒီစီဗို့ ပေး
သွင်းခြင်းထက် အချက်ပြလိုင်းများကို ချေဖျက်ပေးသည့်အပိုင်းတွင်အဓိကအသုံးပြုပါသည်။
ဖုန်းပတ်လမ်းများတွင် RF အိုင်စီများ၊ SAW Filter များ၊ နှင့်တွဲဖက်ပြီး impedance matching circuit ပိုင်းအဖြစ်အဓိကအသုံးပြုကြသည်။
Sunday, July 24, 2016
မိုဘိုင်းဖုန်း စက်ပြားပေါ်တွင်အသုံးပြုထားသော ကွိုင်လေးများအကြောင်း
Posted By: Unknown - 6:51 AMAbout Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →