Sunday, July 24, 2016
Y511 Backlight
Posted By: Unknown - 7:13 AMY511 Backlight
BL ပိုင်းမှာ Y511 BL လေးက အခြေခံအကျဆုံးနဲ့ အလွယ်ဆုံးပါ။ဒါလေးသာ ကောင်းကောင်းရသွားရင် ကျန်တဲ့ backlight ပိုင်းတွေ အတွက် သိပ်မခက်တော့ပါဘူး။
ဘာ့ကြောင့် လွယ်တာလဲဆိုတော့
တခြား backlight တွေမှာ LCD တပ်ထားမှ BL volt ထွက်ပီး
Y511လို ခြေထောက်ခြောက်ချောင်းပါတဲ့ BL ic သုံးထားတဲ့ ဖုန်းတွေမှာတော့ အများအားဖြင့် ပါဝါဖွင့်လိုက်တာနဲ့ LCD တပ်တပ် မတပ်တပ် Backlight ပိုင်းကောင်းနေရင် BL Volt 38V ဝန်းကျင် နဲ့ BL control volt 1.8v ဝန်းကျင် တန်းထွက်နေပါတယ်။
BL ic မှာ pin 6ခု ပေါ်နေတဲ့ အတွက် တိုင်းရပြုရ ကျော်ရ ခွရ လွယ်ကူလို့ပါ။
ဒါ့ကြောင့် ဒီပုံလေးသာ နားလည်ရင် ဒီလို backlight ပိုင်းတွေကို လေထဲမှာတောင် ပြန်ထိုင်လို့ရပါတယ်။
ကဲ စကြရအောင်ဗျာ။
Diagram ကိုကြည့်ပါ။
Pin 1 က marker pointပါ။
အနီရောင်နဲ့ ဆွဲထားတဲ့ လမ်းကြောင်းကို Backlight way လို့ မှတ်ထားပါ။
အစိမ်းရောင်နဲ့ ဆွဲထားတဲ လမ်းကြောင်းကို control way လို့ မှတ်ပါ။
ကျွန်တော်တို့ အဓိကလိုက်ရမှာ အဲ့ နှစ်လိုင်းပဲဗျ။
ကျန်တဲ့ pinတွေမှာ
pin 2 က Ground
Pin 3 ကLCD slot ရဲ့ pin 24 (Cathode) ကို သွားသလို 15 ohm R လေးနဲ့ ground ချထားတဲ့ အတွက် သူလည်း ground ကျနေပါတယ်။
အဲ့တော့ အဲ့နှစ်ပင် ground ကျ မကျ တိုင်းပီး မကျရင် ground နဲ့ ဆက်ပေးလိုက်ပေါ့ဗျာ။ပီးရင် လှည့်ကြည့်စရာ မလိုတော့ပါဘူး။
Y511 Backlight ပြင်ဖို့ အချက် ၃ ချက်ပဲ လိုပါတယ်။
Step 1
Pin 23 (Anode)မှာ 3.8V ရောက် မရောက် စစ်။
မရောက်ရင် Backlight way (အနီရောင် လမ်းကြောင်း)အတိုင်း ရောက်အောင်လုပ်။
Step 2
3.8V ရောက်ပီဆိုရင် Diode ကောင်းမကောင်း စစ်။
Step 3
Control pin(Bl ic pin 4) မှာ Volt ထွက်မထွက်စစ်။
ဒီ ၃ချက် မပြည့်စုံသရွေ BL volt (height voltage)ဘယ်တော့မှ မထွက်ပါဘူး။
Step 1
Battery or Power Supply တပ်လိုက်တာနဲ့ Vbat ကလာတဲ့ 3.8V ဟာ Bl way ကြီးတလျောက် LCD Slot pin 23 ထိ တန်းရောက်နေရမှာပါ။မရောက်ရင်တော့ Shock ကြောင့် သို့မဟုတ် Component (Resistor Diode Coil etc)တွေရဲ့ error ကြောင့်ပါ။
Shock ကြောင့် Volt မရောက်ခြင်း
ဆက်ရန်
About Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →