Saturday, July 23, 2016
C8813 , G6 Display ပျောက်တဲ့ပြစ်ချက်
Posted By: Unknown - 5:01 AMDisplay ပျောက်တဲ့ပြစ်ချက်ကလဲဖုန်းတွေမှာအဖြစ်များပါတယ်။
Display ပိုင်းကိုလေ့လာကြည့်တဲ့အခါ ခုလိုပဲအပိုင်းလေးတွေထွက်လာပါတယ်။
LCD MIPI –CLK P
LCD MIPI –CLK N
LCD MIPI –DATA P (LANE)
LCD MIPI –DATA N (LANE)
LCD MAKER ID
LCD RESET
LCD BL I2C SDA
LCD BL I2C CLK
LCD VSYNC
LANE SELECT
MODE SELECT
VDD
VBUS
LCD ID O
LCD ID I
Backlight ,EMI filter ,lcd connector စတဲ့အပိုင်းတွေ ပါဝင်နေတာတွေ့ ရပါတယ်။
MIPI ဆိုတာ Mobile Industry-Processor-Interface ကိုပြောတာပါ။
MIPI DSI LANE Data လိုင်းနှစ်ခု နဲ့  MIPI DSI Clk လိုင်းတစ်ခု စီကို EMI Filter လေးတွေခံပြီး
CPU ကနေ ရုပ်ပုံ Signal ထုတ်ပေးပါတယ်။ဒီနေရာမှာ DSI ဆိုတာ
Display Serial Interface ကိုပြောတာပါ။
EMI electromagnetic interface ပါ။ Mother board ကနေ connector လေးတွေခံပြီး
devices တွေကိုကူးတဲ့အခါ ပြင်ပ အနှောက်အယှက်လိုင်းတွေမ၀င်နိင်အောင် ကာကွယ်ပေးပါတယ်။
display ပိုင်းမှာလဲ lcd pixel clock frequency ဟာ 71MHz ထိရှိကြတဲ့အတွက် EMI မပါပဲ၊
jumper မကျော်သင့်ပါဘူး ။ Data နဲ့ Clk လိုင်းတွေကိုကူးပေးတဲ့ EMI filter လေးတစ်ခုခု
ပြုတ်နေရင်လဲ display ပျောက်နေတတ်ပါတယ်။ clk လိုင်းပြုတ်ရင်လဲ sync မရတော့တဲ့အတွက်
ရုပ်ပုံမပေါ်ပဲ အစက်အပျောက် လေးတွေပဲပေါ်နေတတ်ပါတယ်။
Lcd vsync အပိုင်းမှာတော့  ရုပ်ပုံကိုဒေါင်လိုက်နဲ့ အလျားလိုက် ပြိုင်ကျ ရန်ချိန်ငြိပေးတဲ့
အပိုင်းလဲဖြစ်ပါတယ်။ 24 bit color depth တွေကို 30 (or)60 frames per second နှုန်းနဲ့ရွှေ့ လျှားစေပါတယ်။ display တစ်ခုရဲ့ resolution ,frames/sec , bit in lane စတဲ့အချက်တွေကတော့
lcd တစ်ခုနဲ့ တစ်ခု မတူညီပါဘူး။ဒါကို MAKER ID နဲ့ သတ်မှတ်ကြပါတယ်။ ဥပမာ 1024:600,950:600
တို့ လိုကွဲပြားပါတယ်။
ဒါလေးတွေကတော့ LCD နဲ့ ပတ်သက်တဲ့ ဗဟုသုတ လေးတွေပါ။display မလာရင် ဘယ်ကစစစ်မလဲ
ဆိုရင် vdd ဗို့ တွေဖြစ်တဲ့ 2.8v,1.7v တွေရောက်မရောက်စစ်ရမှာပါ။ပြီးရင် lcd connector, emi filter,
dc to dc စတဲ့အပိုင်းတွေစစ်ကြည့်ပါ ဒီအပိုင်းတွေကောင်းနေရင် lcd မှာရုပ်ပုံမိန်မိန်လေးပေါ်နေနိင်ပါတယ်။
မမြင်ရရင် ဓါတ်မီးနဲ့ ထိုးကြည့်လဲတွေ့ ရပါတယ်။ ဒါဆိုရင်တော့ display ပိုင်းကောင်းမွန်ပြီး
backlight ပိုင်း ချို့ ယွင်းချက်ရှိနေတာပါ။ bacllight ပိုင်းမှာ အပျက်များဆုံးကတော့ Shielded Powre Inductor boot coil လေးပါပဲ။ဒီကောင်လေးကိုလဲမယ်ဆိုရင် အမျိုးအစားတူ တဲ့ coilတစ်လုံးနဲ့ အစားထိုး
ပေးရပါတယ်။ coil လေးတွေမှာbattery ကနေ တိုက်ရိုက်ဗို့ ပေးထားတဲ့အတွက် ဗို့ ရောက်မရောက်တိုင်းကြည့်
လို့ ရပါတယ်။နောက်တစ်ခုက diode ပါ။သူကလဲ high recovery diode အမျိုးအစားဖြစ်တဲ့အတွက်
တွေ့ကရာ diode နဲ့ တော့အစားထိုးလို့ မရပါဘူး။အမျိုးအစားတူပဲထည့်ပေးရပါတယ်။Capacitor ကိုလဲလိုအပ်ရင်လဲပေးရပါတယ်။ဗို့ လျှော့နေတာမျိုးဖြစ်တတ်ပါတယ်။
အိုင်စီကိုတော့နောက်ဆုံးမှပဲလဲကြည့်ပါ။ backlight ပိုင်းတွေမှာအဓိက ထိန်းချုပ်ထားတာ PWM ခုန်လိုင်းထုတ်
ပေးတဲ့အပိုင်းပါ။ 1MHz လောက်ရှိတဲ့ frequency ကိုအသုံးပြုကြပါတယ်။ Display ပိုင်းမှာ error ရှိနေရင် pwm ပိုင်းကို ပိတ်ထားလိုက်ပါတယ်။ဒါကြောင့် lcd မှာအရုပ်မှိန်မှိန်လေးမတွေ့ ရရင် backlight ပိုင်းကိုလိုက်ဖို့ မလိုအပ်ပါဘူး။ မော်ဒယ်နိမ့်ဖုန်းတစ်ချို့ မှာတော့ lcd မတတ်ပဲ backlight ပိုင်းကိုကောင်းမကောင်းစစ်
လို့ ရပါတယ်။ 511, coolpad တွေမှာအများဆုံးတွေ့ ရပါတယ်။ အဲဒီမော်ဒယ်တွေမှာရေ၀င်ရင် connector
ရှော့ဖြစ်ပြီး display မလာတဲ့ပြစ်ချက်တွေများပါတယ်။ gnd pin နဲ့ 24v ထွက်တဲ့ pin လေးတွေဟာကပ်နေတဲ့အတွက် ရှော့ဖြစ်လွယ်ပါတယ်။ ပြီးရင် PWM control ပိုင်းကိုလဲ lcd ကနေ ပြန်မယူ
ထားပါဘူး။ connector ပိုင်းရှော့ဖြစ်ရင် ပါဝါသေတာတို့  အမ်ပီယာ အရမ်းတက်နေတာတို့ ဖြစ်တတ်ပါတယ်။
lcd မှာရုပ်ပုံမပေါ်ပဲ ဖွေးနေရင် connector လေးလဲပေးကြည့်ပါ။အဆင်ပြေတာများပါတယ်။LCD ကြိုါ်ပြားမှာပါတဲ့ကြေးပြားလေးတွေပြတ်နေ၇င်တော့ JUMPER ကြိုးနဲ့LED မီးလုံးလေးတွေ၇ဲ့  Anode ကိုတိုက်ရိုက်ချိတ်ဆက်ပေးလို့ ရပါတယ်။ဆေးထိုးအပ်နဲ့ pin လေးတွေပြန်ဖော်ပေးလဲရပါတယ်။
လောလောဆယ်တော့ဒီလောက်ပဲဗျာ ဆရာတွေမန့် တာစောင့်လိုက်ပါဦးမယ်။
About Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →