Basic Electronic for Mobile Phone အပိုင်း(၂) <Capacitor>
တိုင်းရေဒီယိုသိပ်ပံက ခေတ်ဟောင်း Theory နဲ့ Ko Aung ရေးတဲ့ ခေတ်သစ်နည်းပညာ SMD Capacitor
ဒီနေ့ တော့ ကျွန်တော် Capacitor လေးတွေအကြောင်းပြောပြပါ့မယ်။ လျှပ်သို လို့ 
ခေါ်တဲ့ C လေးတွေဟာ electronic circuit တိုင်းမှာမပါရင်မပြီးတဲ့ပစ္စည်းလေးပါ။
အသုံးများသလိုအပျက်လဲများပါတယ်။ဖုန်းတစ်လုံး ရှော့ဖြစ်ပြီဆို ၇၀% လောက်က
C တွေရှော့ဖြစ်နေတတ်တာပါ။အထူးသဖြင့် battery အ၀င်ငုတ်ဘေးနားက C လေးတွေ pmu ဘေးနား Cလေးတွေ charging ic ဘေးနားက Cလေးတွေရှော့
ဖြစ်ပြီးရောက်ရောက်လာတာနေ့ စဉ်နဲ့အမျှဆိုသလိုပါပဲ။
capacitor လေးတွေဟာ ဖုန်းတစ်လုံးမှာနေရာအနံ့ ပါရှိနေပြီးအဓိကလုပ်ငန်းစဉ်
သုံးမျိုးခွဲခြားပြီးတာဝန်ယူပေးကြပါတယ်။အဲဒါတွေကတော့
(၁) Filter capacitor
(၂) Coupling capacitor
(၃) Bypass capacitor တို့ ပဲဖြစ်ပါတယ်။
Filer capacitor တွေကတော့ ပါဝါအိုင်စီကိုအ၀င်ဗို့ ပေးသွင်းတဲ့လမ်းကြောင်းတစ်လျှောက်နဲ့  loading ပိုင်းလို့ ခေါ်တဲ့
အထွက်ပိုင်းလမ်းကြောင်းတွေမှာ ဗို့ လမ်းကြောင်းရဲ့ အပေါင်းဗို့ နဲ့ အနှတ်ဗို့  (ground)
လိုင်းတွေကိုခွပြီးတတ်ဆင်ထားပါတယ်။အဲဒီ C လေးတွေကအ၀င်ဗို့ နဲ့ အထွက်ဗို့ တွေမှာတည်ငြိမ်တဲ့ဗို့ အားတစ်ခုအဖြစ်အားဖြည့်
ပေးပါတယ်။ဖုန်းပတ်လမ်းထဲမှာဆိုရင် အညိုရောင်နဲ့ အ၀ါရောင်အတုံးလေးတွေအဖြစ်တွေ့ ရပါတယ်။အပျက်အများဆုံး C
အမျိုးအစားပါ။ဒီကောင်လေးတွေပျက်ရင်များသောအားဖြင့်ရှော့ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့်ဗို့ လမ်းကြောင်းကိုအပေါင်းနဲ့ အနှတ်ရှော့တိုက်ပေးသလိုဖြစ်သွားပြီးပါဝါ
သေသွားတာပါ။ အဲဒီ C လေးတွေကောင်းမကောင်းပတ်လမ်းပေါ်မှာပဲ မီတာကိုအသုံးပြု
ပြီးရှာနိင်ပါတယ်။ မီတာကို x1 စကေးမှာထားပြီး C လေးရဲ့ငုတ်နှစ်ဖက်ကိုတိုင်းကြည့်ပါ။
မီတာတံအဆုံးထိပြနေရင်အဲဒီကောင်လေးရှော့ဖြစ်နေပါပြီ။သေခြာအောင်အပြင်မှာဖြုတ်တိုင်းကြည့်ပါ။နောက်တစ်နည်းက
5A power supply
ကိုသုံးပြီးရှာရင်ပိုလွယ်ကူပါတယ်။ရှော့ဖြစ်နေတဲ့အလုံးလေးဟာသိသိသာသာပူလာပါ
တယ်။အဲဒီအချိန်မှာမီတာနဲ့တိုင်းကြည့်လိုက်ရင်သေခြာပေါက် အဆုံးထိပြနေမှာပါ။
တစ်ချို့  C လေးတွေကိုဖြုတ်ပြီးပြန်မတတ်ရင်ရပေမယ့်တစ်ချို့အလုံးတွေကြတော့
ပြန်တတ်ပေးမှအဆင်ပြေတာမျိုးလဲရှိပါတယ်။
Coupling capacitor ကတော့ပတ်လမ်းမှာပါဝင်တဲ့ section တစ်ခုနဲ့အခြားတစ်ခု
ချိတ်ဆက်ပေးတဲ့နေရာတွေမှာသုံးကြပါတယ်။သူကတော့ signal နဲ့  data
ပိုင်းလောက်ပဲချိတ်ဆက်ပေးရတဲ့အတွက်အပျက်အစီးနဲပါတယ်။ရေ၀ငိတဲ့ဖုန်းတွေမှာ
display ဖွေးနေတာ၊အသံမလာတာ၊ touch မရတာ စတဲ့ error မျိုးတွေတော့ဖြစ်တတ်
ပါတယ်။
Bypass capacitor ကတော့ network ပိုင်းတွေမှာအများဆုံးသုံးကြပါတယ်။
RF signal တွေထဲမှာရောထွေးနေတဲ့ radio frequency တွေကို လိုအပ် baseband
ကိုက်ညီလာတဲ့အထိ sawfilter တွေ bypass capacitor တွေနဲ့ အဆင့်ဆင့်ခံပြီး
network ပိုင်းအဆင်ပြေပြေလုပ်နိင်ဖို
့အားဖြည့်ပေးပါတယ်။အဲဒီကောင်လေးတွေကတော့
အပူရယ် high frequency
ဖြတ်စီးတာတွေကြောင့် coupling
ထက်ပိုပျက်စီးတတ်ပါတယ်။ရေ၀င်တဲ့ဖုန်းတွေဆိုရင်တော့
ဖုန်းခေါ်မရတဲ့ပြစ်ချက်မျိုးတွေ
ဖြစ်တတ်ပါတယ်။
အချုပ်အားဖြင့်ပြောရရင်capacitor တွေရဲ့သဘောသဘာဝကိုနားလည်ထားရင်သူတို့ 
ပျက်စီးတဲ့အခါဖြစ်လာနိင်တဲ့ error တွေကိုအချိန်တိုတိုနဲ့ ရှာတွေ့ နိင်မှာဖြစ်ပါတယ်၊ပုံမှာမြင်တွေ့ နေရတာက
SMD capacitor လေးတွေရဲ့ ပုံလေးပါ။
Saturday, July 23, 2016
Basic Electronic for Mobile Phone အပိုင်း(၂)
Posted By: Unknown - 12:09 AMAbout Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →