Saturday, July 23, 2016
C8816 Touch
Posted By: Unknown - 5:56 AMပုံမှာမြင်ရတာကတော့ c8816 ပါ။ touch မရလို့ လာပြင်တာပါ။အလွယ်ဆုံး မှန်အကောင်းတစ်ခု
နဲ့ စမ်းကြည့်ပါတယ်။မရပါဘူး။ ဒါဆိုရင်နောက်တစ်ဆင့် VDD ဗို့ တွေစစ်ရပါမယ်။ဒီနေရာမှာ
touch အိုင်စီ တွေဟာ DAC အမျိုးအစား တနည်းအားဖြင့် digital ic တွေဖြစ်ပါတယ်။
သူတို့ ကို ဗို့ ပေးတဲ့အခါ မှာ digital volt 1.7v နဲ့ analog volt 2.7v နှစ်မျိုးပေးရပါတယ်။
ဒီဗို့ နှစ်ခုထဲကတစ်ခုခု ပျောက်နေရင် touch လုံးဝ အလုပ် မလုပ်နိင်ပါဘူး။
ဒီဗို့ တွေဘယ်က လာသလဲဆိုတာသိထားဖို့ လိုပါတယ်။ဒါမှ ဗို့ တစ်ခုခုပျောက်နေရင် jumper
ကျော်ဖို့ အဆင်ပြေမှာပါ။ VDD ဗို့ တွေကို အများအားဖြင့်ပါဝါအိုင်စီတွေကတိုက်ရိုက်ပေးကြပါ
တယ်။ တစ်ချို့ ကတော့ dc to dc လေးတွေခံပြီးပေးကြပါတယ်။ဒီနေရာမှာ တစ်ခုမေးစရာရှိတာက
touch connector မှာ ဗို့ တွေလိုက်တိုင်းတဲ့အခါ 1.7v တွေက သုံးလေးခုလောက်တွေ့ နေတယ်။
ဘယ်ဟာက vdd ဖြစ်ပြီးဘယ်ဟာက data ဗို့ တွေ ဘယ်လိုခွဲံမလဲပေါ့။
ဒီအချက်ကိုသိမှ Jumper ကျော်လို့ ရမှာလေ 1.7v တွေ့ တိုင်း jumper ကျော်လို့ မရပါဘူး။
အဲဒီတော့ အလွယ်ဆုံးနည်းလေးနဲ့ခွဲကြည့်ပါမယ်။touch ကိုဖြုတ်ပြီးတိုင်းတဲ့အခါ
ထွက်နေတဲ့ 1.7v,2.7v တွေဟာ vdd ဗို့ တွေပါ။ Touch-in လမ်းကြောင်းမှာရှိနေတဲ့ 1.7 v ဟာ
CPU နေ တိုက်ရိုက်လာတဲ့ data လမ်းကြောင်းဖြစ်တဲ့အတွက် touch -id (သို့ ) touch detect
မသိရင် လုံးဝဗို့ မထုတ်ပေးပါဘူး။ နောက်ထပ်တွေ့ ရတဲ့ 1.7v နှစ်ခုကလဲ CPU ကနေလာတဲ့
I2C data တွေဖြစ်တဲ့ SDA,SCL လမ်းကြောင်းတွေပါ ၊သူတို့ အ၀င်မှာ pull-up resistor
နှစ်လုံးတွဲလျက်ရှိနေတာကိုတွေ့ နိင်ပါတယ်။ ဒီလမ်းကြောင်းသုံးခုကို CPU အောက်ကလမ်း
ကြောင်းရှာပြီး jumper ကျော်နိင်မှပဲအဆင်ပြေမှာပါ။ 1.7v ထွက်နေတဲ့ အခြားပတ်လမ်းတစ်ခုခု
ကနေ လုံးဝ jumper ကျော်ယူလို့ မရပါဘူး။ နောက်တစ်ခုက vdd 2.7v ပါ။
သူ့ ကို နည်းလမ်းနှစ်မျိုးနဲ့ ပေးတတ်ကြပါတယ်။ LDO output တွေပါတဲ့ MT 6320,6323
တွေမှာ အိုင်စီကနေ တိုက်ရျိက်ထုတ်ပေး တတ်ပြီး။ 8029,8110 တို့ လို VREG အထွက်တွေမှာ
DC to DC လေးတွေခံပြီးပေးတတ်ပါတယ်။ဒါလေးတွေနားလည်ထားရင်တော့ ဗို့ လိုင်းနဲ့ 
ဒေတာလိုင်းခွဲတတ်သွားမှာပါ။နောက်တစ်ခုက touch ဆိုတာ sensor အုပ်စုထဲမှာပါပါတယ်။
တကယ်လို့ အပေါ်က ဗို့ တွေ ဒေတာလိုင်းတွေမှာ ဘာပြစ်ချက်မှမတွေ့ ဘူးဆိုရင်
Proximity sensor, camera flash, bluetooth စတဲ့အပိုင်းတွေစစ်ပေးရပါတယ်။
touch connector ကို ဗို့ တိုင်းတဲ့ အခါမှာလဲ အပြင်ကခဲဆော်ထားတဲ့နေရာလေးတင်မတိုင်းပဲ
ကြိုးပြားတတ်လိုက်တဲ့အချိန်မှာ ထိသွားမဲ့ ကြေးငုတ်လေးတွေထိ ဗို့ ရောက်မရောက် တိုင်း
ကြည့်ဖို့ လိုပါတယ်။touch ic,connector, တို့ကိုလဲလိုအပ်ရင်လဲကြည့်ဖို့ လိုပါတယ်။
အခုပုံမှာ မြင်ရတဲ့ c8816 လေးကတော့ vdd 1.7v ပျောက်နေတာပါ။ ပါဝါအုင်စီရဲ့ အထွက်
ကွိုင် လေးမှာ 1.7v ထွက်တဲ့နေရာကနေ jumper ကျော်ပေးလိုက်လို့ ရသွားပါပြီ။
ဗို့ အထွက်နေရာလေးတွေကို မျှားနဲပြပေးထားပါတယ်။အဆင်ပြေကြပါစေ။
About Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →