Saturday, July 23, 2016
EMMC
Posted By: Unknown - 3:01 AMကျွန်တော်တို့ EMMC တွေလဲကြတဲ့အခါ အလုံးတိုင်းအောင်ကြလားဗျ၊ကျွန်တော်တော့မအောင်ဘူး။ 1.7V,2.7V တွေအကုန်၇ှိနေတယ်။ 0.15A လောက်မှာရပ်နေတယ်ပေါ့နော်။ဒီလိုအခြေအနေမှာ emmc ၀ယ်လဲတယ်၊တစ်လုံးမရရင်နှစ်လုံးလဲတယ်။ဒီဆိုင်မှာအဆင်မပြေရင် နောက်တစ်ဆိုင် ပြောင်းဝယ်တယ်။အလုံး
ကောင်းထဲကဖြုတ်ထည့်ကြည့်တယ်။
နောက်ဆုံး GPG နဲ့ DATA ရေးတယ်ဘယ်လိုလုပ်လုပ်မအောင်တာတွေ၇ှိလာတယ်။
ဒီလိုအခြေအနေမှာတဘက်ကပြန်စဉ်းစားမိတာ၊လွဲချော်မှုတစ်ခုခုတော့၇ှိနေတာသေခြာနေပြီပေါ့။
အပေါ်ကပြောခဲ့တဲ့အတိုင်းဆို EMMC မှာပြသနာရှိတာမဟုတ်နိင်ဘူး၊ CPU မှာပြသနာရှိတယ်လို့ 
ယူဆမိတယ်။ CPU နဲ့ eMMc တို့ ချိတ်ဆက်ပြီး data transfer လုပ်တဲ့လမ်းကြောင်းတွေကို
သွားစဉ်းစားမိတယ်။ကျွန်တော်အပါအ၀င်အများစုက သီအိုရီပိုင်းအားနဲပြီးဖြုတ်တတ်လဲ အဆင့်မှာပဲ
တ၀ဲလည်လည်ဖြစ်နေတယ်လို့ ထင်မိပါတယ်။ဆရာသမားတွေတော့မပါပါဘူး။
emmc တွေ data ရေးတဲ့အခါ CPU Mode နဲ့  DMA Mode ဆိုပြီးနှစ်မျိုးတွေ့ ရပါတယ်။
CPU Mode မှာ CMD ( Command line ) တစ်ခုပဲတွေ့ ရပြီး DMA Mode မှာတော့ CMD
42 Lines ထိပါဝင်တာတွေ့ ၇ပါတယ်။ဒီပုံလေးတွေမှာဆို၇င်CPU Mode ဖြစ်တဲ့အတွက်
CMD,CLK,D0,VCC, အစရှိတဲ့ငုတ်လေးတွေနဲ့ ချိတ်ဆက်ထားတာတွေ့ ရပါတယ်။ဒီငုတ်လေးတွေထဲက CMD တစ်လိုင်းအလုပ်မလုပ်တာနဲ့ emmc လုံးဝမနိုးနိင်တော့ပါဘူး။
CPU ကနေ START Signal ကို CMD တဆင့်ပေးသွင်းထားတာပါ။ဗို့ တွေပုံမှန်ရောက်နေပေမယ့်လဲ data လမ်းကြောင်းတွေပုံမှန်အလုပ်မလုပ်နိင်ရင် emmc ဘယ်နှစ်လုံးလဲ
လဲ စက်နိုးနိင်မှာမဟုတ်ပါဘူး။ကျွန်တော့အမြင်ပြောတာပါ ဆဲချင်တဲ့လူရှိရင်လဲဆဲသွားကြပါ။
အကြံဥာဏ်ပေးချင်တဲ့လူ၇ှိရင်လဲပေးသွားနိင်ပါတယ်ဗျာ။
About Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →