Saturday, July 23, 2016
၎ ငုတ် Mic Way
Posted By: Unknown - 3:15 AMမိုက်မရတဲ့အခါ အလွယ်တကူလုပ်လို့ ရတာရှိသလို ဟိုကျော်ဒီခွနဲ့ လုပ်ရတာတွေလဲ
ကြုံဖူးကြမှာပါ။ လေးစမိုက်ဝယ်မရလို့  ရှိတဲ့နှစ်စမိုက်လေးနဲ့ ကျုပ် ကျက်လိ ရတာလဲ
ရှိတတ်ပါတယ်။
မိုက်မရတဲ့ပြသနာ ဟာ ရေ၀င်တဲ့ဖုန်းတွေမှာအဖြစ်များပါတယ်။မိုက်အပေါက်ထဲကိုရေ၀င်
ပြီး မိုက်ပျက်တာရှိသလို၊ မိုက်လမ်းကြောင်းပေါ် က components လေးတွေဆားပေါက်ပြီး
ပြုတ်တာမျိုးလဲရှိတတ်ပါတယ်။ မိုက်လမ်းကြောင်းတွေကိုလေ့လာကြည့်တဲ့အခါ ဗို့ ကိုအသုံးပြုတာထက်
signal ပိုင်းကိုပိုပြီးသုံးထားတာတွေ့ ရပါတယ်။ coupling ,bypass အစရှိတဲ့ ကွန်ဒင်ဆာလေးတွေနဲ့
တည်ဆောက်ထားတာတွေ့ ရပါတယ်။မိုက်ဆားကစ်တွေကို CPU ကနေ တိုက်ရိုက်ထုတ်တဲ့
အမျိုးအစားနဲ့  PMU ကနေ ထုတ်တဲ့ အမျိုးအစားဆိုပြီး အုပ်စုနှစ်မျိုးတွေ့ ရပါတယ်။
ဒီနေရာမှာ အုပ်စုအမျိုးအစားကွဲပြားပေမယ့် audio signal ဖြစ်တဲ့ mic- bias ကိုအဓိက
သုံးထားတာခြင်းတော့အတူတူပါပဲ။တစ်ချို့ ဖုန်းတွေမှာ audio code အပိုင်းနဲ့ mic အပိုင်း
ကို CPU ကနေ တိုက်ရိုက် ထုတ်ပေးပြီး ၊တစ်ချို့ ဖုန်းတွေမှာ MT 6323 တို့ လို
ပါဝါအိုင်စီတွေအသုံးပြုပြီး audio mic အပိုင်းတွေကို ပါဝါအိုင်စီ ကပဲထုတ်ပေးတာတွေ့ ရပါတယ်။
မိုက်တွေကောင်းမကောင်း မီတာနဲ့ တိုင်းကြည့်လို့ ရပါတယ်။ မိုက်အများစုဟာ
ကွန်ဒင်ဆာမိုက်အမျိုးအစားဖြစ်တဲ့အတွက်၊volt နဲ့ audio signal နှစ်ခုပေါင်းပြီးပေးမှအသံထွက်တာ
ကိုတွေ့ ရပါတယ်။ မီတာကို x1 စကေးမှာထားပြီး မိုက်ရဲ့အပေါင်းနဲ့ အနှုတ် အစလေးတွေကို
တိုင်းကြည့်ပါ မီတာတံ ဟာ ¼ ခန့် ပြပါမယ်။ မီတာတံကိုပြောင်းပြန် ပြန်လည့်တိုင်းရင်
လုံးဝမပြပါဘူး။အကယ်ရ်ျ နှစ်ဖက်စလုံးလုံးဝမပြရင်လဲမိုက်မကောင်းတော့ပါဘူး။
လေးပင်မိုက်တွေမှာ အတွင်းပိုင်းဖွဲ့ စည်းပုံအရ နှစ်ခုကို တစ်စုံတွေ့ ရပါတယ်။ နှစ်ခုကိုပေါင်း
ပြီး groung ချပေးရပါတယ်။ ကျန်နှစ်ဘက်ကတော့ မိုက်အထွက်ပိုင်းနဲ့ မိုက် bias လမ်းကြောင်း
ဖြစ်ပါတယ်။လေးပင်မိုက်နေရာမှာ နှစ်ပင်မိုက်နဲ့ အစားထိုးမယ်ဆိုရင် ပူးပြီး ground ချထားတဲ့
အစနှစ်ခုဘက်မှာ မိုက်ရဲ့ အနက်ကြိုးစနဲ့ ဆက်ပေးပါ။ ကျန်နှစ်ဖက်မှာ resistor 5.6k တစ်လုံးကို
ခွလျက်တတ်ပေးပြီး အနီကြိုးနဲ့ဆက်ပေးပါ ။ဒီနေရာမှာ မိမိတတ်လိုက်တဲ့ ဖက်မှားနေရင်
အသံမထွက်ပါဘူး။ အနီစကို အခြားတစ်ဖက်ထိတ်သို့ပြောင်းပြီး ဆက်ပေးပါ။
ကြားတွင်ခွလျက်ခံထားသော resistor ohm တန်ဖိုး ကို အတိုးအလျော့ပြုလုပ်ပေးခြင်းဖြင့်
မိမိလိုအပ်သော မိုက်သံအတိုးအကျယ်ကိုချိန်ငြှိနိင်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေ။
About Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →