Sunday, July 24, 2016
တချို့ဖုန်းတွေကို power supply နဲ့ ချိတ်စမ်းတဲ့အခါမှာ ပါဝါ ပြန်ပြန်ပိတ်သွားတတ်တဲ့ အကြောင်း
Posted By: Unknown - 1:30 AMတချို့ဖုန်းတွေကို power supply နဲ့ ချိတ်စမ်းတဲ့အခါမှာ
ပါဝါ ပြန်ပြန်ပိတ်သွားတတ်တဲ့ အကြောင်းပါ။
ဖုန်းထဲမှာ အသုံးပြုထားတဲ့ Battery တွေမှာ
ငုတ်သုံးငုတ် နဲ့ ငုတ်လေးငုတ် အသုံးများပါတယ်။
သုံးငုတ်တွေမှာ
1. +V
2. BSI
3. -V (ground) တို့ ဖြစ်ကြပြီး
လေးငုတ်တွေမှာ
1.+v
2. BSI
3. BT (BID)
4. -V (ground) တို့ ဖြစ်ကြပါတယ်။
BSI ကိုတော့ Battery Size Indicator လို့ ခေါ်ကြသလို BID (Battery Identification) လို့လဲ ခေါ်ကြပါတယ်။
Battery ကိုအားသွင်းတဲ့အခါ Battery Detect
သိဖို့နဲ့ ပါဝါဖွင့်ထားတုန်း Battery ပြုတ်သွားရင် CPU သိဖို့ ထည့်ထားတာပါ။
CPU ကနေ လမ်းကြောင်းတကြောင်းနဲ့ BSI ငုတ်ကို
Sensor လုပ်ထားတဲ့အတွက် အဲဒီငုတ်ကို
ဗို့အားမရောက်ရင် ဖုန်းပါဝါနိုးရင်တောင် ပါဝါပြန်ပိတ်သွားတတ်ပါတယ်။
နောက်တငုတ်က Battery Temparature (BT) ငုတ်ပါ
Battery သုံးနေရင်း over current ဖြစ်သွားတဲ့အခါမျိုးမှာ
Temp တက်လာတာဖြစ်ခဲ့ရင် ဖြတ်တောက်ပေးနိုင်ဖို့
CPU ကနေ sensor လုပ်ထားပါတယ်
Battery Temp is too low / too high အစရှိတာတွေဟာ
Battery Temp ငုတ် ၊ လမ်းကြောင်းနဲ့ သက်ဆိုင်ပါလိမ့်မယ်။
သိသာတဲ့ဖုန်းတွေက Huawei Y325 Y511 G610 တွေပါ
သူတို့ကို Power Supply ချိတ်နှိုးတဲ့အခါ BSI ငုတ်ကို
လွှတ်ထားတဲ့အတွက် ပါဝါ ပြန်ပိတ်သွားပါတယ်။
Battery ကို ဖြုတ်ကြည့်တဲ့အခါ Battery ရဲ့Amp အပေါ်မူတည်ပြီး
BSI ကနေ 10K မှ 100K အတွင်းရှိတဲ့ resistor တလုံးနဲ့
Ground ချထားတာကို တွေ့ရတတ်ပါတယ်
အဲဒါကြောင့် Y511 လိုဖုန်းမျိုးကို Power Supply ချိတ်စမ်းမယ်ဆိုရင်
10K ဝန်းကျင်ရှိတဲ့ Resistor တလုံးကို BSI နဲ့ Ground ငုတ်မှာ
ခွဆက်ပြီး စမ်းလို့ ရပါတယ်။
ဖုန်းဆားဗစ်လုပ်ဖို့ လေ့လာနေတဲ့ လူငယ်တွေအတွက်
ဗဟုသုတ မှတ်သားနိုင်ဖို့ပါခင်ဗျားးး
About Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →