Sunday, July 24, 2016
output ရှော့ရှာနည်း
Posted By: Unknown - 4:44 AMရှော့ဖြစ်နိင်တဲ့စီလေးတွေရှာတဲ့နည်း မှာ Input ရှော့ အကြောင်းတော့ တင်ပေးခဲ့ပြီးပါပြီ။ဒါပေမယ့်လဲ
ဒီနေ့ ထိ fet လေးဖြုတ်လိုက်ရင်ရှော့လွတ်သွားတယ်၊ပြန်တတ်ရင်ရှော့ပြန်ပြတယ်၊အဲ့ဒါဘယ်လိုလုပ်ရမလဲလို့ 
မေးတဲ့သူကတော့မေးနေကြတုန်းပါပဲ။
အခုပြောပြမှာက input ရှော့ထက်ရှာရတာပိုခက်ခဲတဲ့ output ရှော့ရှာနည်းလေးပါ။
ဒီနေရာမှာလဲ မေဂျာရှော့နဲ့ မိုင်နာရှော့ဆိုပြီးနှစ်မျိုးတွေ့ ရပါတယ်။ မေဂျာရှော့ဆိုတာက
ပါဝါလုံးဝမတက်နိင်တဲ့ output ရှော့အမျိုးအစားပါ။မိုင်နာရှော့ဆိုတာက logo လောက်ထိတက်လာပြီးမှ
ရှော့တစ်ခုခုရှိနေတဲ့အတွက် ပါဝါ ပြန်ကျသွားတဲ့ရှော့မျိုးပါ။ဒီနှစ်ခုခွဲနိင်ဖို့ အတွက် ပါဝါအိုင်စီတွေရဲ့လုပ်ငန်းစဉ်ကို
အနဲအကျဉ်းသိထားဖို့ လိုပါတယ်။ပါဝါအိုင်စီတွေဟာ အထွက်ဗို့ လမ်းငြောာင်းကို အဓိက၂ မျိုးခွဲထားပါတယ်။
Program code တွေနဲံထိန်းချုပ်ထားတဲ့ boot coil ပါတဲ့အုပ်စုနဲ့  LDO လို့ ခေါ်တဲ့ boot coil မပါပဲ linear သက်သက်ထုတ်ပေးတဲ့ low-drop output အပိုင်းတို့ ဖြစ်ပါတယ်။ကွာခြားမှုကတော့ boot coil ပါဝင်တဲ့
ဗို့ လမ်းကြောင်းဟာ အမ်ပီယာ တောင့်တင်းတဲ့အတွက်၊ ဖုန်းတစ်လုံးရဲံလုပ်ဆောင်ချက်များစွာကို ထိန်းချုပ်
မောင်းနှင်ပေးတဲ့ CPU အိုင်စီကို ဗို့ ပေးတဲ့နေရာမှာအသုံးပြုကြပါတယ်။CPU တွေဟာ ပါဝါနိုးဖို့ အတွက်ဆို၇င်
အမ်ပီယာသိပ်မလိုအပ်ပေမယ့် တကယ်အပြည့်အ၀ အလုပ်လုပ်ကြတဲ့အခါ အမ်ပီယာ များများဆွဲတတ်ပါတယ်။
ဒါကြောင့် cpu ,emmc တို့ အတွက်လိုအပ်တဲ့ ဗို့ လမ်းကြောင်းတွေမှာ ကွိုင်လေးတွေခံပြီးလျှပ်စီးကြောင်းကိုမြင့်တင်ပေးထားကြပါတယ်။ဒီလိုကွိုင်ပါတဲ့လမ်းကြောင်းတွေမှာရှော့ဖြစ်ခဲ့
ရင် cpu,emmc တို့ အတွက်လိုအပ်တဲ့ဗို့ တွေမထုတ်ပေးနိင်တော့တဲ့အတွက် ဒီရှော့ကိုမေဂျာရှော့အဖြစ်သတ်မှတ်နိင်ပါတယ်။ပါဝါနိုးပြီး မှထပ်မံထွက်လာမဲ့ LDO လမ်းကြောင်းတွေဟာ
တဆင့်ပြီးတဆင့်ထွက်လာပါတယ်။ဒါကို power on sequence လို့ ခေါ်ကြပါတယ်။တစ်ချို့ LDO လမ်းကြောင်း
တွေဟာ ပါဝါနိးထခြင်းမှာ ပါဝင်တဲ့ TCXO CLOCK ပိုင်းကိုဗို့ ပေးထားတဲ့အတွက် အရေးကြီးတဲ့လမ်းကြောင်းအဖြစ်သတ်မှတ်လို့ ရပါတယ်။ဒီတော့ OUTPUT ရှော့ကိုဘယ်လိုရှာရင်လွယ်ကူမလဲ
စဉ်းစားကြည့်တဲ့အခါ 5A စပလိုင်းကိုသွားသတိယလိုက်တယ်။တကယ်လို့ ရှော့ဖြစ်နေတဲ့ လမ်းကြောင်းကိုသာ
သူတကယ်အသုံးပြုတဲ့ဗို့ နဲ့ အမ်ပီဟာ များများထိုးပေးလိုက်ရင် ရှော့ရှာလို့ ရမှာပဲလို့ တွေးကြည့်မိတယ်။
ကျွန်တော်တို့ လေ့လာစက ဒီလို အပင်ပန်းခံပြီးဘယ်သူမှလဲပို့ မတင်ကြပါဘူး။ကိုယ်တိုင်စဉ်းစားပြီးလက်တွေ့ လုပ်ကြည့်တဲ့အခါအဆင်ပြေတာတွေ့ ရတော့ ပို့ စ်ရေးပြီးတင်ခဲ့ပါတယ်။ခုပြောပြမှာကတော့ ကျွန်တော်အသုံးပြုခဲ့တဲ့ ရှော့ရှာနည်းပါ။
အခြားနည်းလမ်းများလဲရှိနိင်ပါတယ်။ကျွန်တော်ကိုယ်တိုင်လဲသာမန်SERVICE သမားတစ်ယောက်မို့ ဒီနည်း
လောက်ပဲသိပါတယ်။
မေဂျာရှော့မှာ အမ်ပီယာပြတာခြင်းမတူကြပါဦး။ ပါဝါကီးနှိပ်လိုက်တဲ့အခါ 0.2A ပြတာနဲ့ 0.4A ပြတဲ့ရှော့ဆိုပြီးနှစ်မျိုးတွေ့ နိင်ပါတယ်။ဒီနှစ်ခုမှာရှော့ဖြစ်နေတဲ့လမ်းကြောင်းခြင်းမတူပါဘူး။ကျွန်တော့အတွေ့ အ
ကြုံအရ 0.2A ဆိုရင် စီပီယူနဲ့ သူ့ ကိုပေးတဲ့ ဗို့ လမ်းကြောင်းမှာ ရှော့ဖြစ်နေတာများပါတယ်။
0.4A ဆိုရင် EMMC အပါအ၀င် 1.7V ထုတ်ပေးတဲ့လမ်းကြောင်းမှာရှော့ဖြစ်နေတတ်ပါတယ်။ဒါကြောင့်
0.2A ဆိုရင် CPU ကိုဗို့ပေးတဲ့ ကွိုင်နှစ်လုံးကိုတစ်လုံးစီဖြုတ်ပြီးရှော့ဖြစ်တဲ့လမ်းကြောင်းကိုရှာရပါတယ်။
လမ်းကြောင်းကိုတွေ့ ပြီဆိုမှ ရှော့ဖြစ်နေတဲ့ပစ္စည်းလေးတွေထပ်ရှာရပါတယ်။ ဥပမာ CPU ရဲ့ VREG S1,VREG S2 ကွိုင်တွေကိုဖြုတ်ကြည့်ရပါတယ်။ဒီအခါမှာ ရှော့ဖြစ်နေတဲ့ လမ်းကြောင့်ရဲ့ကွိုင်ကိုဖြုတ်လိုက်မိတာနဲ့ 
ပါဝါကီးကိုနှိပ်လိုက်တဲ့အခါ 0.2A ကနေ 0.07A ထိကျသွားတာတွေ့ ရပါမယ်။ဒါဆိုရင်မိမိဖြုတ်လိုက်တဲ့လမ်းကြောင်းဟာရှော့ဖြစ်နေတာသေဖြာပါပြီ။
ဒီအချိန်ကျမှ ဖြုတ်ထားတဲ့ကွိုင်အစနှစ်ဖက်ထဲက CPU ဖက်သို့ ဗို့ ပေးထားသောလမ်းကြောင်းသို့ 
JUMPER ကြိုးအစလေးထုတ်ပြီး မူလပေးထားတဲ့ 1.1V/5A ချိတ်ပေးလိုက်တဲ့အခါ ရှော့ဖြစ်နေတဲ့အပိုင်းကို
ရှာလို့ ရသွားပါပြီ ။ပူတာကိုတွေ့ ပြီးတဲ့နောက် ဖြုတ်တတ်လုပ်ဖို့ ကတော့မိမိ တို့ skill အပေါ်သာမူတည်ပါတယ်။
တာဝန်ယူလိုတဲ့စိတ်မရှိရင် CPU ကိုမဖြုတ်ဖို့ ပြောပါရစေ။ကျွမ်းကျင်မှုမရှိသေးပဲ cpu ပူလို့ ဖြုတ်မယ်ဆိုရင်
ပိုင်ရှင်များအတွက် များစွာနှစ်နာစေပါတယ်။ဒါကတော့ 0.2Aေ၇ှာ့အတွက်ပါ။0.4Aကိုလဲအထက်ပါနည်းအတိုင်း
1.7V/5A နဲ့ ချိတ်ပြီးရှာလို့ ရပါတယ်။ 1.7V လမ်းကြောင်းတနည်းအားဖြင့် VREG S3 လမ်းကြောင်းဟာ
ဖုန်းတစ်လုံးမှာပြန့် နံ့ နေအောင်အသုံးပြုထားတဲ့အပိုင်းဖြစ်လို့  ရှော့လဲအဖြစ်များပါတယ်။
ဒီလောက်ဆိုရင် မေဂျာရှော့တွေအတွက်အနဲအကျဉ်းလောက် နားလည်သွားပြီလို့ ထင်ပါတယ်။
မိုင်နာရှော့ကိုလဲထပ်တင်ပေးသွားပါ့မယ်။
Output ရှော့ရှာကြတဲ့အခါ မည်သည့်လမ်းကြောင်းတွင်ဖြစ်နေသည်ကိုအရင် ရှာနိင်ဖို့ လိုပါသည်။
အကြောင်းကတော့ ပါဝါအိုင်စီတွေမှာ အထွက်လမ်းကြောင်းများ များစွာရှိနေတဲံအတွက် ရှော့ဖြစ်တဲ့လမ်းကြောင်းကိုသိမှသာ ထိုလမ်းကြောင်းပေါ်ရှိ ရှော့ဖြစ်နေတဲ့ ပစ္စည်းလေးတွေကိုထပ်မံရှာဖွေ
နိင်မှာပါ။ဥပမာ PM8029 တွင်အထွက်လမ်းကြောင်းပေါင်း ၂၃ လိုင်းရှိနေပါတယ်။ဒီအထဲမှာပါဝါနိုးဖို့ 
အဓိကကျတဲ့ လမ်းကြောင်း ၄ခုရှိပါတယ်။အဲဒီလမ်းကြောင်းတွေကတော့ VREG S1,VREG S2,VREG S3,
VREG L8 တို့ ဖြစ်ပါတယ်။ VREG 1နဲ့ 2 ဟာCPU အတွက်ဗို့ ပေးတဲ့လမ်းကြောင်းတွေဖြစ်ပြီး VREG S3
ကတော့ EMMC အတွက်လိုအပ်တဲ့ VDD 1.7V ပေးတဲ့လမ်းကြောင်းပါ။ VREG L8 ကတော့ TCXO CLOCK
အတွက် 2.85V ဗို့ ပေးတဲ့လမ်းကြောင်းပါ ၊ဒီလမ်းကြောင်း ဗို့ မထွက်နိင်ရင်လဲ ပါဝါမတက်နိင်ပါဘူး။
ဆန့် ငင်ဆန့် ငင်ဖြစ်နေတဲ့အနေအထားစကိုတွေ့ ရပါတယ်။ဒီ ၄လိုင်းမှာဘာရှော့မှ မရှိရင် ပါဝါနိးတဲ့ signal
အဖြစ် vibrator တစ်ချက်တုန်ပေးပါတယ်။ဒီအချိန်မှာ display, touch အပိုင်းကိုပေးထားတဲ့ VREG L12
လမ်းကြောင်းကောင်းမွန်လျှင် logo တက်လာတာမြင်တွေ့ နိင်ပါတယ်။ တကယ်လို့  vibrator လေးတစ်ချက်တုန်ပြီးဘာမှမပေါ်ပဲအမ်ပီယာထောင်တက်သွားရင် L12 လမ်းကြောင်းပေါ်ရှော့ဖြစ်နိင်ပါတယ်။
တကယ်လို့ LOGO တစ်ချက်ပေါ်ပြီး အမ်ပီယာအဆုံးထိတက်ပြီး ပါဝါပြန်ကျသွားရင် SYSTEM ပိုင်းကိုပို့ ပေး
တဲ့ VREG 13,15,16,17,19 လမ်းကြောင်းတစ်ခုခုမှာရှော့ဖြစ်နေတတ်ပါတယ်။အမ်ပီယာမတက်ပဲ LOGO
ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရင်တော့ Software ပိုင်းကြောင့်ဖြစ်နိင်ပါတယ်။
3G LOGO ထိတက်ပြီး မှာပါဝါပြန်ကျခြင်း၊ အိုင်စီထောင့်လေးတစ်နေရာတွင်ပူနေပါက VREG L1,L2 လမ်း
ကြောင်းရှော့ဖြစ်နိင်ပါသည်။ သေခြာချင်လျှင် VREG S4 ကွိုင်ကိုဖြုတ်ပြီးစက်နိုးကြည့်ပါ။HOME Screen ထိတက်လာလျှင်သေခြာပေါက် L1,L2 တွင်ရှော့ဖြစ်နေပါသည်။ကွိုင်ဖြုတ်ထားသည့်အတွက်
NETWORK ပိုင်းတော့ရမည်မဟုတ်ပါ။ RTR များသို့ ပေးထားသောလမ်းကြောင်းပေါ်ရှိစီများရှော့ဖြစ်နေခြင်း
ကြောင့်အဖြစ်များပါသည်။ တစ်ခါတစ်ရံ ပါဝါအိုင်စီ ဘေးရှိ CRYSTAL အ၀င်လမ်းကြောင်းပေါ်ရှိ စီလေးနှစ်လုံး
ရှော့ဖြစ်နေခြင်း၊တစ်လုံး လုံးပြုတ်နေခြင်းတို့ ကြောင့် 3G LOGO မှဆက်မတက်နိင်သော ပြစ်ချက်များတွေ့ ရပါသည်။ ထို့ အပြင် SIM ပိုင်းသို့ ဗို့ ပေးသောအပိုင်းရှိ စီလေးများ၊ ESD Diode လေးများ
ရှော့ဖြစ်နေလျှင် ဆင်းကပ်မထည်ုလျှင်ပုံမှန်ကောင်းပြီး ဆင်းကပ်ထည့်လျှင်ပါဝါပြန်ကျသွားသောပြစ်ချက်များ
တွေ့ ရပါသည်။
ထို့ ကြောင့် output ရှော့ကိုမည်သည့်နေရာတွင်ရှာပါဟုအတိအကျမပြောနိင်ပါ ပါဝါတက်လာတဲ့အပေါ်မှာ
မူတည်ပြီးဘယ်အပိုင်းကြောင့်ဖြစ်နေသည်ကိုခန့် မှန်းနိင်ဖို့ လိုပါသည်။သက်ဆိုင်ရာ လမ်းကြောင်းကိုတွေ့ မှသာ
ရှော့ဖြစ်နေသော ပစ္စည်းများအားရှာဖွေပြုပြင်နိင်ပေမည်။ ရှော့ရှာနည်းကတော့ မနေ့ ကပြောခဲ့သလို
1.1vနဲ့ 2.5v ကြား အထွက်လမ်းကြောင်းပေါ်လိုက်ပြီးချိန်ညှိပေးရန်လိုပါသည်။
About Unknown
Magazine Power Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.
Subscribe to:
Post Comments (Atom)
SOCIALIZE IT →